Unicode
han - ကိုကို ။
ခေါ်သံကိုမကြားနိုင်လောက်တဲ့အထိ ဗျာများနေတဲ့ ကိုကို့ကိုကြည့်ပြီး Hanနားလည်လိုက်တာ တစ်ခုရှိတယ်ကိုကို ။
အချစ်ဆိုတာ ကိုယ့်အတွက်မဟုတ်ရင် ပိုင်ဆိုင်ခွင့်မရှိဘူးတဲ့ ။
kai - ဆောရီး Han ။ ငါ ။
han - ဆောရီး မလိုပါဘူးကိုကို ။
မျက်ရည်အားသုတ်ရင်း ပြုံး၍ သူမပြန်ဖြေလိုက်သည် ။
han - Hanနားလည်ပါတယ် ။ ကိုကိုသွားပါ ။
အနားကနေပြေးထွက်သွားတဲ့ ကိုကို့ကို ငေးကြည့်ရင်း ခြေလှမ်းတွေကို နောက်ပြန်ဆုတ်လိုက်တော့ ထိခတ်မိတဲ့ ရင်ဘတ်တစ်စုံ ။
ခပ်ဖြေးဖြေးမော့ကြည့်လိုက်တော့ ငုံ့ကြည့်နေတဲ့ Hunမျက်ဝန်းတွေနဲ့ဆုံသည် ။
han - Hun ။
hun - ငါကူညီပေးရမလား ။
အရှိန်နှင့်မောင်းထွက်လိုက်သည့် ဆိုင်ကယ်ပေါ်မှ ပြုတ်မကျစေရန် Hunခါးကိုတင်းနေအောင် နောက်ကနေ သူမဖက်တွယ်ထားဖြစ်သည် ။
လေအဝေ့နဲ့အတူ ရွေ့လျားနေတဲ့ဆိုင်ကယ်ရဲ့အလျင်က ကြောက်ခမန်းလိလိ ။
Hunဘယ်ကိုဦးတည်နေတာလဲ ။
တစ်နေရာအရောက်မှာရပ်သွားတဲ့ Hunဆိုင်ကယ်လေးက စက်သတ်လိုက်တာမို့ ဆိုင်ကယ်ပေါ်မှ သူမဆင်းဖြစ်သည် ။
hun - နင်စိတ်ကြိုက်အော်လိုက် Han ။
han - ငါအော်လိုက်လို့ ငါ့ရင်ထဲကအပူတွေပျောက်သွားမှာမို့လို့လား Hun ။
hun - လုံးဝကြီးမဟုတ်ပေမဲ့ အနည်းငယ်တော့ စိတ်သက်သာရာရတာပေါ့ ။
han - Hunတစ်ဖက်သတ်အချစ်က အဲ့လိုပူလောင်ရတာလား ။
hun - နင်ဘယ်လိုထင်လဲ ။
han - ငါမသိဘူးHun ။ ငါကိုကို့ကိုချစ်တယ် ။ ဒါပေမဲ့ ကိုကိုက ငါ့ကိုမချစ်ဘူး ။
hun - Han ။ ပွဲလန့်တုန်းဖျာခင်းတယ်လို့တော့ နင်ငါ့ကိုမထင်စေချင်ပေမဲ့ ငါနင့်ကိုချစ်တယ် Han ။
han - Hun ။
hun - နင်ပြောတဲ့တစ်ဖက်သတ်အချစ်ဆိုတာ ဒါမျိုးလားမသိပေမဲ့ ငါနင့်ကိုချစ်တယ် Han ။
YOU ARE READING
💛မောင့်မဟေသီ💛 💛ေမာင့္မေဟသီ💛
RomanceUnicode... နှလုံးသားလေး စပြီးခုန်မြည် ချစ်တတ်ပြီဆိုကတည်းက လူတိုင်းမှာ ပထမဆုံးချစ်ဖူးတဲ့ အချစ်ဦးတော့ ရှိကြမည်မဟုတ်ပါလား?? အချစ်ဦး~~ အချိူ.့ကအချစ်ဦးဆိုတာကို ပထမဆုံးချစ်ဦးသူလို့ သတ်မှတ်တယ်. အချိူ.့ကတော့ နှလုံးသားထဲကနေ နက်နက်နဲနဲချစ်မိသွားတဲ့ ပထမဦးဆုံ...