TWELVE

513 72 4
                                    

Unicode

ပိုင်ဆိုင်ရမှအချစ်လို့ခေါ်တာလား?

အတူရှိမှ အချစ်လို့သတ်မှတ်ကြတာလား?

ထိုသို့မဟုတ်ပါ.

တကယ်တော့ အချစ်ဆိုတာ သူမသိအောင် မြတ်နိုးစွာချစ်နေမိလည်း အချစ်ဟာအချစ်ပါပဲ.

ပိုင်ဆိုင်ရသည်ဖြစ်စေ.

မပိုင်ဆိုင်ရသည်ဖြစ်စေပေါ့🌼

ဝိုင်းစက်စက် လက်ရေးလေးတွေရဲ့ မှင်အဆုံးသတ်က
အဖြူရောင် စာရွက်လေးရဲ့ပေါ်.

မျက်လုံးမှိတ်လိုက်တိုင်း ဝင်လာတတ်တဲ့ ကိုကို့ပုံရိပ်လေးကြောင့် ကြည်နူးစွာပြုံးမိတယ်.

ကိုကို ကျွန်မချစ်သောကိုက်ိုရယ်ပါ.

အမြဲတမ်း ခပ်စိမ်းစိမ်းကြည့်တတ်တဲ့ ကိုကို့မျက်ဝန်းလေးတွေကိုချစ်တယ်.

မထီမဲ့မြင် ဆက်ဆံတတ်တဲ့ ကိုကိုပုံစံလေးကို သဘောကျတယ်.

အမြဲတမ်းဆူပုတ်နေတတ်တဲ့ ကိုကိုနှုတ်ခမ်းဖူးဖူးလေးတွေကို
မြတ်နိုးတယ်.

အတွေးလေးနဲ့ ပုံဖော်ကာ ပြုံးနေတုန်း.

"lu~Hanလေး ခြံရှေ့မှာbellတီးနေတယ်လေ
သွားဖွင့်ပေးလိုက်အုန်း"

အိမ်ထဲက လှမ်းအော်တဲ့ မားအသံကြားမှ ခြံရှေ့ကို ကျွန်မလှည့်ကြည့်လိုက်မိတယ်.

မရှက်တမ်းဝန်ခံရရင် အဲ့bellသံကို ကျွန်မမကြားပါ.

"han~ဟုတ် မား"

စာအုပ်လေးအား ပိတ်ကာခြံတံခါးကို အပြေးလေးသွားဖွင့်တော့ ခြံရှေ့မှာကျောခိုးရပ်နေတဲ့သူ.

"han~ဟို ဘယ်သူနဲ့"

စကားတောင်မဆုံးလိုက်.

လှည့်လိုက်တဲ့ မျက်နှာကြောင့် ပြောစရာစကားတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ရှကုန်သည်.

"kai~မေမေက တီLuကို ပစ္စည်းပို့ခိုင်းလိုက်လို့"

အိတ်ကလေးတစ်အိတ်အား မြှောက်ပြကာ
စိတ်မရှည်လက်မရှည် ကိုကိုစကားပြောနေပုံက ချစ်စရာလေး.

"han~အော် ဟုတ် အိမ်ထဲဝင်လေ ကိုကို"

"kai~မဝင်တော့ဘူး မင်းပဲပေးလိုက်တော့"

💛မောင့်မဟေသီ💛 💛ေမာင့္မေဟသီ💛Where stories live. Discover now