EIGHT

821 86 6
                                    

Unicode

ချစ်သူရဲ့နာကျင်မှုမျက်ဝန်းတစ်စုံက အဆိပ်လူးမြှားဖြစ်သည်ဆိုလျှင်
မောင့်ရဲ့ဒေါသသင့်မျက်ဝန်းတွေက ကျွန်မအတွက်တော့
ဖြေဆေးမဲ့တဲ့ Nuclearလက်နက်တစ်ခုပင်.

မီးတောက်မီးလျှံ တဟုန်းဟုန်းတောက်နေတဲ့
မောင့်အကြည့်စူးစူးတွေအား မျက်ရည်ကြည်ရစ်သိုင်းနေတဲ့
မျက်ဝန်းနက်တို့ဖြင့် တုံ့ပြန်ယုံမှအပ ကျွန်မအခြားမတတ်နိုင်.

"kai~မင်းနားမှာ အဲ့ကောင်ရှိနေတာလား"

အဲ့ကောင်????

မောင်ဘယ်သူ့ကိုရည်ညွှန်းမှန်း ကျွန်မမသိပါ.

ပြတ်ထွက်လုမတက်ကိုက်ထားတဲ့ မောင့်နှုတ်ခမ်းသားရဲ့
သွေးစို့နီးမြန်းနေမှုကိုသာ ကျွန်မစိုးရိမ်စွာ စိုက်ကြည့်နေမိတာ.

"kai~မင်းတို့ဘယ်လိုပတ်သတ်လဲ Do Kyung Soo"

မောင့်အမေးအတွက် အဖြေ.

ကျွန်မမှာရှိမနေခဲ့ပြန်ဘူး.

မောင်ဘယ်သူကိုရည်ညွှန်းနေမှန်းမှ ကျွန်မမသိတာလေ.

"kai~Do Kyung Soo"

မောင်စိတ်မရှည်စွာ ပခုံးတွေကိုဖျစ်ညှစ်လှုပ်ခတ်နေလည်း ကျွန်မတုတ်တုတ်မလှုပ်.

မောင့်ကိုအရွဲ့တိုက်နေတာ မဟုတ်ပေမဲ့.

ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် ဖြစ်ပေါ်နေတဲ့ မောင့်ဒေါသတွေ
ကျွန်မကိုတစ်ခုခုလုပ်မှ ပြေမယ်ဆိုလည်း ကျွန်မခံယူဖို့အသင့်ပါ.

"kai~မင်းအ,သွားတာလားDo Kyung Soo!
မင်းနားတွေကန်းနေလား! ငါမေးနေတယ် Sehunနဲ့ဘယ်လိုပတ်သတ်လဲ"

Sehun! မောင်ပြောနေတဲ့ အဲ့ကောင်ဆိုတာ Sehunလား?

မောင့်ကိုဖြေရှင်းဖို့ ဖြေရှင်းချက်ကို ကျွန်မနားလည်သွားချေပြီ.

"kai~ငါမေးနေတယ်လေ"

"soo~သူ သူငါ့ကိုကူညီပေးတယ် အဲ့လောက်ပဲ ငါသိတာပါJongin"

"kai~မယုံဘူး ငါလုံးဝမယုံဘူး! နင့်ကိုကူညီပေးယုံ ခင်မင်မှုနဲ့ နင့်phသူ့ဆီရောက်နေစရာ ဘာအကြောင်းမှာ မရှိဘူး! ဘာလဲ
Do Kyung Soo! Sehunက နင့်ရည်းစားလား"

💛မောင့်မဟေသီ💛 💛ေမာင့္မေဟသီ💛Where stories live. Discover now