Unicode
လူတိုင်းမှာ အမှားဆိုတာတော့ရှိကြစမြဲပါ.
အဲ့တော့ ကျွန်တော့်မှာလည်းရှိတယ်.
ပဲခေါက်ဆွဲ သူမစွပ်စွဲသလို လှောင်ပြောင်လိုစိတ်နဲ့ ကျွန်တော်သူမကိုဒီနေရာခေါ်ခဲ့တာမဟုတ်ဘူး.
အဲ့ဒါကို သူမမသိဘူး.
ကျွန်တော့်messageကိုမြင်ပြီး ကပြာကယာပြေးဆင်းလာတဲ့ သူမရဲ့အလှက သဘာဝဆန်လွန်းသလို ကျွန်တော့်အပေါ်ထားတဲ့ သူမရဲ့လေးနက်မှုကို ပြသနေတာမို့ ကျွန်တော်မြတ်နိုးစွာ သဘောကျလို့ ပြင်ဆင်ခြယ်သဖို့ မပြောမိတာ ကျွန်တော့်အပြစ်တဲ့လား.
ပြီးတော့ ကျွန်တော်အနာကျင်ဆုံးစကား.
သူမပါးစပ်ကနေ လွယ်လင့်တကူပြောထွက်ခဲ့တာ.
ကျွန်တော်တွဲဖို့ရည်းစားတွေ သူအောင်သွယ်ပေးမယ်တဲ့.
ကျွန်တော်ဘာလို့သူမကိုဒီခေါ်လာသလဲ ရည်ရွယ်ရင်းကို သူမမသိဘူး.
သိဖို့လည်း သူမမကြိုးစားခဲ့ဘူး.
ကျွန်တော့်စိတ်ကို အကြိမ်ကြိမ်အခါခါစစ်ဆေးပြီးမှ သူမကိုချစ်ခွင့်ပန်ဖို့ ကျွန်တော်ဒီကိုခေါ်လာခဲ့တာ.
ကျွန်တော်သူမကို အရှက်ကွဲစေချင်လို့မှမဟုတ်တာ.
"taemin~Jongin"
ပခုံးအားဆုတ်ကိုင်ကာ ခေါ်လိုက်တဲ့ Taeminအသံလည်း ကျွန်တော်ဂရုမစိုက်နိုင်.
"taemin~ပြင်ဆင်ထားတာတွေ"
"kai~အကုန်လွှင့်ပစ်လိုက်"
"taemin~Jongin အဲ့ဒါက"
"kai~ငါမင်းကိုလွှင့်ပစ်လိုက်လို့ပြောနေတယ်လေ
Lee Taemin""taemin~Jongin မင်းနဲ့ငါ စကားခဏလောက်ပြောရအောင်"
"kai~ငါဘယ်သူနဲ့မှစကားမပြောချင်ဘူး"
"taemin~မင်းခေါင်းမမာစမ်းနဲ့Jongin! မင်းသူ့ကိုချစ်လား မင်းစိတ်ကို မင်းအရင်မေး"
"kai~အဖြေကရှင်းရှင်းလင်းလင်းကြီးထွက်နေတာ ငါကဘာကိုမေးနေရအုန်းမှာလဲ"
"taemin~မင်းစိတ်ကိုမင်းမသိလို့ ပြောနေတာလားJongin!
ဒါမှမဟုတ် ငါဘာကိုဆိုလိုတယ်ဆိုတာ မင်းမသိတာလား! မင်းစိတ်ကသဘာကျတယ်ထင်တာကို မင်းအချစ်လို့ ခေါင်းစဉ်တပ်ပြီးသူ့ကိုချစ်တယ်လို့ လွယ်လွယ်ပြောပြီးမှ မင်းသူ့ကိုမချစ်တော့ရင် သူအရမ်းနာကျင်သွားလိမ့်မယ်Jongin"
YOU ARE READING
💛မောင့်မဟေသီ💛 💛ေမာင့္မေဟသီ💛
RomanceUnicode... နှလုံးသားလေး စပြီးခုန်မြည် ချစ်တတ်ပြီဆိုကတည်းက လူတိုင်းမှာ ပထမဆုံးချစ်ဖူးတဲ့ အချစ်ဦးတော့ ရှိကြမည်မဟုတ်ပါလား?? အချစ်ဦး~~ အချိူ.့ကအချစ်ဦးဆိုတာကို ပထမဆုံးချစ်ဦးသူလို့ သတ်မှတ်တယ်. အချိူ.့ကတော့ နှလုံးသားထဲကနေ နက်နက်နဲနဲချစ်မိသွားတဲ့ ပထမဦးဆုံ...