TWENTY-THREE

475 57 7
                                    

Unicode

မောင်!!

ပြောင်းလဲမှုတွေနဲ့မောင်က ဟိုအရင်ကလို ပိန်လှီသေးကျုံ့တဲ့ ခန္ဓာကိုယ်အချိုးအဆစ်နဲ့ မဟုတ်တော့ ။

ကျစ်လစ်သန်မာတဲ့ လက်မောင်းတွေက မောင့်အိမ်သူနဲ့ကလေးအတွက် အားဖြစ်လို့နေခဲ့ပြီ ။

တောင့်တင်းကျစ်လစ်တဲ့ ခန္ဓာကိုယ်အချိုးအဆစ်တို့က မောင့်ကိုပို၍ခန့်ညားလို့နေစေသည် ။

အရင်လို နှဖူးပြေပြေပေါ် ခပ်အုပ်အုပ်ဆံပင်တွေ မကျစေတော့ပဲ ဆီလိမ်းဖီးသင်လို့ မောင်ထားတတ်နေပြီ ။

Hoodieနဲ့Jeanတွေအစား Shirtနဲ့Style pantတွေ ပြောင်းဝတ်တတ်နေပြီဖြစ်တဲ့မောင်က အဝတ်အစားကိုတောင် သေချာရွေးချယ်တတ်နေခဲ့ပြီလေ ။

မောင်ကပဲ ရွေးချယ်တတ်လာတာလား မောင့်အိမ်သူကပဲ မောင့်ကိုပိုချောမောအောင် ပြင်ဆင်ပေးတတ်တာလား ။

ကျွန်မအသေအချာမသိပေမဲ့ ၂၅နှစ်အရွယ် ယောက်ျားတစ်ယောက်ရဲ့ ခန့်ညားချောမောမှုကို သူတစ်ပါးယောက်ျားဆိုတာကို မေ့လျော့စေလောက်တဲ့အထိ ကျွန်မငေးမောမိပြန်တယ် မောင် ။

ကျွန်မပဲဝဋ်ကြွေးကြီးတာလား မပြောတတ်ပါဘူး မောင်ရယ် ။

မောင်နဲ့တွေ့ရင် ဒီနှလုံးသားလေးက အမှတ်မရှိ ထခုန်တတ်နေတုန်းပဲ ။

ရုတ်တရက် ကလေးငိုသံကြားမှ အတွေးတို့ထဲမှလူးလွန့်ကာ ဖုန်းကိုအိတ်ထဲထည့်လိုက်ပြီး မောင့်ထံလက်ကလေး ကမ်းလင့်လိုက်တော့ အံ့သြစွာ မောင်ငုံ့ကြည့်လေသည် ။

kai - ပဲ ခေါက် ဆွဲ

ဒီNicknameလေးကို မောင်မမေ့သေးဘူးပဲ ။

soo - ကလေး ငါ့ကိုပေးလေ ။

ကျွန်မတောင်းတော့ မောင်ကလက်တစ်ဖက်နှင့် သိုင်းကြိုးအားဖြုတ်ကာ ကလေးကိုပေးလေသည် ။

ရင်ခွင်ထဲမှာငြိမ်သက်နေသည့် အနှီးထုတ်ထဲက ကလေးငယ်လေးကို ငုံ့ကြည့်ရင်း ဝမ်းနည်းစိတ်က ရင်ထဲမှာလှိုက်တက်လို့လာသည် ။

ဒါကျွန်မအရှုံးရဲ့ပြယုဂ်ကလေးမဟုတ်လား ။

သို့ပေမဲ့ မောင့်သွေးနဲ့ရေးတဲ့ မောင့်ကလေးလေးက မောင်နဲ့တူလွန်းတာမို့ စိတ်နာပေမယ့် ချစ်တော့ချစ်မိသား ။

💛မောင့်မဟေသီ💛 💛ေမာင့္မေဟသီ💛Where stories live. Discover now