Three

1.5K 150 6
                                    

Unicode

အချစ်သည် ပိတ်ကားတစ်ချပ်ဖြစ်သည်ဆိုပါလျှင်
မောင်သည် ကျွန်မနှလုံးသွေးနဲ့ဆေးခြယ်ထားသည့်
ပန်းချီကားတစ်ချပ်ပင်ဖြစ်သည်..

🎨Do Kyung Soo

"soo~သုတ်ပေးမယ်ဆိူတော့လည်း မဟုတ်ဘူး! ဒါလေးပေတာကိုအဖြစ်သည်းပြနေလိုက်တာ"

မကြားနိုးနား ကျွန်မပြောတော့ မောင်ခေါင်းထောင်ကာ မော့ကြည့်သည်။

"kai~ပြော ဘာပြောမှာလဲ?"

"soo~Yukiက ရှင့်ကိုအဖြေပေးမလို့တဲ့! အဲ့ဒါစောင့်နေပါတဲ့"

စိတ်မပါပေမဲ့ တာဝန်အရပြောပေးဖြစ်ခဲ့တဲ့ ထိုစကား.

မောင်ပြုံးပျော်သွားသလားတော့ မသိပေမဲ့ မောင်ပျော်တော့ပျော်မှာပါလေ.

ချစ်တဲ့သူဆီက အဖြေရမှာပဲဟာ.

"kai~မင်းယုံကြည်လား?"

"soo~ဘာကိုလဲ?"

"kai~ဟင့်အင်း ဘာမှမဟုတ်တော့ဘူး! သွားတော့"

ခေါင်းလေးညိတ်ပြကာ ကျွန်မပြန်ဝင်လာဖြစ်သည်။

မောင်တော့လိုက်မလာပါ.

Yukiကို သူSakuraပင်တွေအောက်မှာ စောင့်ရင်းကျန်နေခဲ့သည်လေ.

တရွေ့ရွေ့လည်ပတ်နေတဲ့နာရီတွေက ည11နာရီဆီ ဦးတည်ရွေ့လျားနေပြီ.

ပြန်တဲ့သူကပြန်နဲ့ လူလည်းသိပ်မရှိတော့.

ကျွန်မလည်းပြန်ရန်ပြင်ပြီးမှ သတိရသွားတာမောင်!

Yukiရော လာပြီလား?

ဒါမှမဟုတ် ရောက်မလာဘူးလား?

ဒါမှမဟုတ် Yukiရောက်လာပြီး သူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားကြပြီလား?

သိချင်စိတ်ပေါင်းစုံနဲ့ ယောက်ယက်ခတ်နေတဲ့အတွေးတွေအား ထိန်းချူ.ပ်ကာ ထပြန်ရန်အိတ်ကိုလွယ်ပြီးကာမှ နုနယ်လွန်းတဲ့ နှလုံးသားက မောင့်ဆီစိတ်မဖြောင့်လေပြန်.

ပန်းဆီရောင်ဒေါက်ကလေးက Sakuraပင်တန်းတွေဆီ
ခြေလှမ်းနေပြီ.

မှောင်မဲတိတ်ဆိတ်နေတဲ့ နေရာလေးမှာ လမ်းတစ်လျှောက် ရောင်စုံမီးလေးတွေ ထွန်းထားသော်ငြား မှိန်ပြပြ.

💛မောင့်မဟေသီ💛 💛ေမာင့္မေဟသီ💛Where stories live. Discover now