SIXTEEN

494 72 9
                                    

Unicode🌸

"hun~ဒယ်ဒီ"

ပခုံးအားဆုတ်ကိုင်ကာ ခေါ်လိုက်တဲ့
Sehunလက်အား ပြန်လည်ဆုတ်က်ိုင်ကာ.

"chen~သွားရအောင်"

ခေါင်းလေးညိတ်ပြကာ Sehunမောင်းတဲ့
ကားကို လိုက်စီးရင်း မျက်ဝန်းတို့စုံမှိတ်ထားလိုက်တယ်.

ထိုးရပ်သွားတဲ့ ကားလေးက အိမ်ပြန်ရောက်ပြီဆိုတာ အချက်ပြနေပြီမို့ ကားပေါ်မှဆင်းကာ အိမ်ထဲလှမ်းဝင်လိုက်ပြီး အခန်းတံခါးက်ိုLockချပစ်လိုက်သည်.

အဖြူရောင်မွေ့ယာခင်းပေါ် ခပ်လျှော့လျှော့ထိုင်ပြီး
ခပ်ဖွဖွဆွဲထုတ်လိုက်တဲ့ အံဆွဲတစ်ခု.

ပန်းနုရောင် photo Albumလေးက အနည်းငယ်
အရောင်လွင့်လ်ုိ့နေချေပြီ.

တစ်ရွက်ချင်းလှန်လိုက်တဲ့ အကန့်လေးတွေထဲ
ပျော်ရွှင်ခြင်းအပြည့်နဲ့ ကျွန်တော့်သားငယ်.

အမျိူးမျိူးသော သားရဲ့ပုံစံက်ို မှတ်တမ်းတင်
သိမ်းဆည်းထားတဲ့ ဒီalbumလေးက ကျွန်တော်အမြတ်နိုးဆုံးအရာတွေထဲက တစ်ခုဆိုလည်းမမှား.

လက်နဲ့ဖိထောက်ထားတဲ့ စက်ဘီးပေါ်မှာ
postမျိူးစုံထုတ်နေတဲ့ ၅နှစ်အရွယ်ကလေးငယ်လေးရဲ့ဓာတ်ပုံလေး.

နာကျင်ခြင်းတွေနဲ့ ကျွန်တော့်ကိုကျောခိုင်းသွားတဲ့ သားရဲ့ကျောပြင်ဟာ အဆပေါင်းများစွာ ကျယ်ပြန့်လို့နေလေပြီ.

မြင့်မားလာတဲ့ အရပ်အမောင်းကလည်း
ဟိုအရင်ကလို သေးသေးလေး မဟုတ်တော့.

ဟိုးအရင်က ကျွန်တော်ဂုတ်ပေါ်ခွစီးပြီး
အပျော်ကြီးပျော်ခဲ့တဲ့ သား.

အခုတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး
လောကကြီးကို စတင်စိန်ခေါ်နိုင်နေပြီ.

ကျွန်တော့်သားလေး တကယ်အရွယ်ရောက်လာပြီပဲ.

"suho~ဒယ်ဒီနဲ့စကားများလာတာလားသား"

Sofaပေါ်စိတ်ပျက်လက်ပျက် ကျောမှီထိုင်ပြီး ခေါင်းက်ိုခါယမ်းပြလိုက်သည်.

"suho~ဒါဆို ဘာလို့ သူကအခန်းထဲတန်းဝင်သွားတာလဲ"

"hun~ဒယ်ဒီ့ကို ဒီပုံစံဖြစ်အောင်လုပ်နိုင်တာ ဘယ်သူရှိလ်ို့လဲမာမီ! ဟိုကောင် Kim Jong Inနဲ့ တွေ့လာတာ"

💛မောင့်မဟေသီ💛 💛ေမာင့္မေဟသီ💛Where stories live. Discover now