Unicode
b1 - နှမြောစရာကြီးကွာ ။
b2 - ချောချောလေးနဲ့ ကလေးအဖေကိုမှ ကြိုက်တာလား ။
မကြားနိုးနားပြောနေသည့် စကားများအား ကျွန်မက ဥပေက္ခာပြုနိုင်ပေမဲ့ မောင်ကတော့ သမီးလေးကိုချီကာ ခြေစုံရပ်တန့်ပစ်လို့နေလေပြီ ။
soo - Jongin !
မောင့်လက်မောင်းကိုဆုတ်ကိုင်ကာ ခေါင်းခါပြီး ကျွန်မဟန့်တားတော့ မောင်ကဒေါသတို့မြိုချဟန်နှင့် ခြေလှမ်းကိုဆက်လှမ်းဖို့ ပြင်လေသည် ။
b2 - ဟေ့ ကိုယ့်လူ ဆေးလေးဘာလေးရှိရင် မျှပါအုန်းကွ ။ ခပ်ချောချောကောင်မလေးများ ရနိုင်မလားလို့ ဟားဟား ။
kai - ရော့ Soo သမီးကိုခဏချီထား ။
soo - Jongin မသွားပါနဲ့ ။
တားမြစ်နေပေမဲ့ မောင်ကကျွန်မလက်ထဲ သမီးလေးကို ကမ်းလင့်ကာ ခြေလှမ်းကြဲများနှင့် ထိုလူတွေနား ချဉ်းကပ်၍သွားလေပြီ ။
kai - မင်းတို့ဘာခွေးစကားပြောတာလဲ ။
b1 - ကိုယ့်လူကလည်း ယောက်ျားချင်းချင်းပဲ ဒိုင်လျှိုမလုပ်ချင်စမ်းပါနဲ့ ဝေစားမျှစားပေါ့ ။
kai - ဒါပဲစား ။
စိတ်လိုက်မာန်ပါလုပ်တတ်တာ မောင့်အကျင့်လို့ခေါ်ရမလား ။
အရာရာပြောင်းလဲသွားခဲ့ပေမဲ့ ကျွန်မကိုထိပါးရင် မောင့်ဒေါသက အရှင်မထားတတ်တာ ဟိုးအရင်က အတိုင်းပဲ ။
soo - Jongin မလုပ်နဲ့ ။
အသက်အရွယ်တစ်ခုရောက်မှ လက်သီးချင်းယှဉ်ထိုးရန်ဖြစ်နေတဲ့ မောင့်ကိုချော့မော့ကာ ပြန်ဆွဲခဲ့လိုက်တော့ ပေကပ်ကပ်နဲ့ပါလာသည် ။
soo - ထစ်ခနဲရှိလက်ပါတာက ဟိုအရင်ကအတိုင်းပဲ ။ နင်ကလေးမဟုတ်တော့ဘူးဆိုတာရောသိရဲ့လား ။
kai - နင်ပြောချင်တာက ငါကအလဟသပြဿနာရှာနေတယ်ပေါ့လေ ။ အခုဖြစ်တာ နင့်ကြောင့်လေ ။ နင်ကငါ့ကိုအပြစ်တင်ချင်နေသေးတာလား ။
soo - နင့်ကိုရင့်ကျက်စေချင်တာ ။ ပြောစမ်းပါစေ ဘယ်လောက်ပြောမလဲ ။ ငါ့အသားပဲ့ပါသွားတာမှမဟုတ်တာ Jongin ။
YOU ARE READING
💛မောင့်မဟေသီ💛 💛ေမာင့္မေဟသီ💛
RomanceUnicode... နှလုံးသားလေး စပြီးခုန်မြည် ချစ်တတ်ပြီဆိုကတည်းက လူတိုင်းမှာ ပထမဆုံးချစ်ဖူးတဲ့ အချစ်ဦးတော့ ရှိကြမည်မဟုတ်ပါလား?? အချစ်ဦး~~ အချိူ.့ကအချစ်ဦးဆိုတာကို ပထမဆုံးချစ်ဦးသူလို့ သတ်မှတ်တယ်. အချိူ.့ကတော့ နှလုံးသားထဲကနေ နက်နက်နဲနဲချစ်မိသွားတဲ့ ပထမဦးဆုံ...