EIGHTEEN

503 74 2
                                    

Unicode💖

သွယ်ယှက်ဆုတ်ကိုင်ထားတဲ့ လက်ချောင်းလေးတွေကို
ဝေ့ယမ်းကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးရယ်နေမိတဲ့ ကျွန်မနဲ့မောင်.

၂လကျော်လွမ်းခဲ့ရလို့လားမသိဘူး.

မောင့်မျက်နှာထံပါးကနေ အကြည့်လေး
တစ်စက္ကန့်မျှတောင် မခွာချင်.

မြတ်နိုးမိတဲ့ ဒီလူသားကို တစ်သတ်လုံးများသာ
မတွေ့ရရင် ကျွန်မရူးသွားလိမ့်မယ်ထင်တယ်.

"kai~မျက်နှာကြီးပေါက်ထွက်တော့မယ်"

"soo~မောင်ကတအားချောလာတာကိုး"

"kai~လွမ်းဖျားလွမ်းနာကျပြီး ပိန်သွားတာမဟုတ်ဘူးလား"

"soo~ဟင့်အင်း အရင်ကထက် ပိုကြည့်မဝဖြစ်လာတာ!
စိတ်တောင်မချချင်တော့ဘူး"

မောင့်ပခုံးလေးထက် ခေါင်းလေးမှီကာ
ကျွန်မပြောတော့ မောင့်သက်ပြင်းချသံ ခပ်သဲ့သဲ့.

မှုတ်ထုတ်လိုက်တဲ့လေပူတွေက ဆံဖျားလေးတွေဆီ.

"soo~ဘာဖြစ်လို့လဲမောင်"

"kai~ဟင့်အင်း ဒီအတိုင်း ရင်ထဲမှာမွန်းကြပ်လာသလို ခံစားရလို့"

"soo~ငါပြန်လာတာကို မပျော်တာလား"

"kai~အာ မဟုတ်တာ! မပျော်ပဲနေမလား
ငါမင်းကိုနေ့တိုင်းလွမ်းနေတာကို"

"soo~မဟုတ်ဘူးမောင်! ငါနင့်ကိုသိပ်ချစ်တာ
နင့်မျက်နှာကို ဖျက်ခနဲကြည့်လိုက်တာနဲ့ နင်ဘာဖြစ်နေတယ်ဆိုတာ ငါသ်ိတယ်! ငါပြန်လာတာကို နင်အပြည့်အဝ ပျော်ရွှင်မနေဘူး"

"kai~Kyungsoo"

ညှို့မျက်ဝန်းတွေနဲ့စိုက်ကြည့်လာတဲ့ မောင့်အကြည့်တွေအား ပြန်လည်တုံ့ပြန်ကာ
ခေါင်းလေးမော့ပြီး မေးဆက်ပြလိုက်သည်.

"kai~ငါ "

ပြောမယ်လို့ အားခဲထားပြီးမှ မျှော်လင့်တကြီးနဲ့ စောင့်စားနေတဲ့ သူမကိုမြင်တော့ စကားလုံးတွေက ထွက်ကျမလာတော့.

"kai~ငါ "

"soo~အင်း"

ကျွန်တော် စေ့စပ်လိုက်ရပါတယ်လို့
ဖွင့်ပြောလိုက်သင့်သလား.

💛မောင့်မဟေသီ💛 💛ေမာင့္မေဟသီ💛Where stories live. Discover now