TWENTY-FIVE

511 60 2
                                    

Unicode

kai - Sooရေ ။ သမီး ။

တံခါးဖွင့်ကာဝင်လိုက်သည်နှင့် မှောင်မဲတိတ်ဆိတ်ခြင်းက စောင့်ကြိုနေတာမို့ ကျွန်တော်ခေါ်လိုက်တော့ ပြန်ထူးမယ့်သူဟာလည်းရှိမနေ ။

ဘယ်သွားနေကြလို့လဲ ။

အိတ်ထဲရှိဖုန်းကိုထုတ်ကာ Sooဆီဖုန်းခေါ်ရင်း နံရံထက်ရှိမီးခလုတ်အားစမ်း၍ဖွင့်လိုက်တော့ ကြမ်းခင်းပေါ်က စားပွဲဝိုင်းလေးနားမှာထိုင်ကာ ပြုံးနေတဲ့ Sooနဲ့သမီးလေး ။

စားပွဲထက်မှာတော့ Stawberry Cakeလေးတစ်လုံးက နေရာယူလို့ ။

kai - Soo ။

soo - Happy Birthday မောင် ။

kai - Sooကွာ မောင်ကလန့်သွားတာပဲ ။ သားအမိတွေ ဘယ်ရောက်သွားတာလဲလို့ ။

soo - surpriseလေ မောင်ရဲ့ ။

kai - မောင့်မွေးနေ့လား ။

ကျွန်တော့်ကိုကျွန်တော်လက်ညှိုးပြန်ထိုးကာ မေးလေတော့ Sooက မျက်စောင်းလေးဝင့်သည် ။

soo - မေ့ပြန်ပြီလား ။

kai - တကယ်သတိမရဘူး ။

soo - မောင်ကတော့ဖြစ်ရမယ် ။ လာ မီးလာမှုတ် ။

ဖယောင်းတိုင်တွေအားမီးညှိကာ ခေါ်နေတဲ့Sooနား အပြေးလေးဝင်ထိုင်ကာ ဆုတောင်း၍မီးမှုတ်လိုက်တော့ Sooကပြုံးနေသည် ။

soo -  ဘာဆုတောင်းလဲမောင် ။

kai - လျှို့ဝှက်ချက်လေ ။

soo - မပြောလည်းနေပေါ့ ။

kai - သမီးကို မောင့်ဆီပေး ။

soo - Cakeခွဲအုန်းလေ မောင်ရဲ့ ။

kai - ဟုတ်သားပဲ ။

soo - ကလေးလိုပဲလိုက်ပြောနေရတယ် ။

kai - ဟုတ်ပါပြီ ။

Cakeအားခွဲကာ Sooအားခွံ့ကျွေးတော့ ပြုံး၍ပါးစပ်လေးဟပေးသည်  ။

kai - သမီးလေးရော စားအုန်းမလား ။

soo - ကလေးချွဲကျပ်မယ် ။ သွား ရေသွားချိုးတော့ ။

kai - သမီးကိုနမ်းအုန်းမယ်လေ ။

soo - နောက်မှနမ်းပါ ။ ချွေးတွေနဲ့ကို သွားချိုး ။

💛မောင့်မဟေသီ💛 💛ေမာင့္မေဟသီ💛Where stories live. Discover now