Unicode❤️💙
ကမ္ဘာပေါ်မှာ အိမ်ထောင်ရှင်တိုင်းပြောနေကျ စကားလေးတစ်ခွန်းရှိတယ်.
ယောက္ခမနဲ့ချွေးမဆိုတာ ကမ္ဘာဦးကတည်းက မတည့်ကြတဲ့ကမ္ဘာရန်တွေတဲ့.
ဒီအတွေးက မှားယွင်းတယ်လို့ ကျွန်မငြင်းဆန်ရင် တစ်ရွာလုံးနဲ့တစ်ယောက်ဖြစ်နေမလား.
ကျွန်မကတော့ ထိုအဆိုအားငြင်းဆန်ချင်သည်။
လူတစ်ယောက်နဲ့တစ်ယောက် မတည့်ရတဲ့
အကြောင်းအရင်းမှန်က နားလည်မှုမရှိကြတာပဲဖြစ်သည်။နှစ်ဖက်တီးမှမြည်တဲ့လက်ခုတ်.
ယောက္ခမနေရာတော့ ကျွန်မမရောက်သေးလို့ မသိပေမဲ့ ကျွန်မသာချွေးမဆို ကျွန်မချစ်တဲ့သူကို မွေးထုတ်ပေးခဲ့တာလေးတစ်ခုနဲ့တင် အရာအားလုံးထက်ပိုပြီး ကျေးဇူးကြီးနေပြီမို့ သူဘာပြောပြောအလျှော့ပေးမိမှာ.
အခုလည်း မောင့်မေမေနဲ့တွေ့ရမှာမို့ မောင့်မေမေအတွက် လက်ဆောင်လေးပြင်ဆင်ကာ အနွေးထည်လေးအား ဝတ်ပြီးမောင်လာအကြိုကို စောင့်နေလိုက်သည်။
တတူတူမြည်လာတဲ့ messageသံလေးက မောင်ရောက်ပြီဆိုတာကို အချက်ပေးနေပြီမို့ အိတ်ကလေးအားလွယ်ကာ အောက်သို့ဆင်းလာခဲ့တော့ ကားပေါ်ကမောင်က ခပ်ပြုံးပြုံး.
ကားတံခါးဖွင့်ကာ ဝင်ထိုင်လိုက်ပြီး မောင့်အားရယ်ပြဖြစ်တော့ ကိုယ်ကိုစောင်းငဲ့ကာ ကျွန်မဘေးက ခါးပတ်ပြားကိုယူပြီး အသေအချာပတ်ပေးလာတဲ့ မောင်.
အသည်းယားယားနဲ့ မောင့်ခေါင်းလေးအား ဆုတ်ကိုင်ကာ ရင်ခွင်ထဲဖျစ်ညှစ်ပစ်လိုက်သည်။
"kai~ya ဘာဖြစ်"
"soo~အသည်းယားလို့"
"kai~အရူးမ"
"soo~ဂင်မ်ချီကောင်"
"kai~အင်း"
"soo~ငါအဆင်ပြေရဲ့လား"
"kai~အင်း ဘာလို့လဲ"
"soo~အမေနဲ့တွေ့ရမှာဆိုတော့ အဆင်မပြေမှာစိုးလို့"
"kai~အဲ့လောက်အထိ seriousဖြစ်မနေနဲ့ ပဲခေါက်ဆွဲ ! သူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်"
YOU ARE READING
💛မောင့်မဟေသီ💛 💛ေမာင့္မေဟသီ💛
RomanceUnicode... နှလုံးသားလေး စပြီးခုန်မြည် ချစ်တတ်ပြီဆိုကတည်းက လူတိုင်းမှာ ပထမဆုံးချစ်ဖူးတဲ့ အချစ်ဦးတော့ ရှိကြမည်မဟုတ်ပါလား?? အချစ်ဦး~~ အချိူ.့ကအချစ်ဦးဆိုတာကို ပထမဆုံးချစ်ဦးသူလို့ သတ်မှတ်တယ်. အချိူ.့ကတော့ နှလုံးသားထဲကနေ နက်နက်နဲနဲချစ်မိသွားတဲ့ ပထမဦးဆုံ...