Unicode♥♡
han::တီXiu တီXiu
အပြေးအလွှား ဝင်လာတဲ့ Hanလေးကြောင့်
မောင့်မေမေရော ကျွန်မပါလှည့်ကြည့်ဖြစ်သည်။အဆိုးဆုံးကတော့ မောင့်မေမေ။
သူသိပ်ချစ်တဲ့ချွေးမကို မောင်သိပ်ချစ်တဲ့ကျွန်မရှေ့မှာ သည်းသည်းလှုပ်ပြနေလိုက်တာ။
ကျွန်မတကယ်မနာလိုဖြစ်မိပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်မသိပ်ချစ်တဲ့ယောက်ျားကို လူ့လောကထဲခေါ်ဆောင်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ အသိမှတ်ပြုမှုကို ကျွန်မလည်းလိုချင်တာပေါ့။
အပြုံးတွေကိုယ်စီနဲ့ မောင့်အကောင်းအဆိုး မှန်သမျှ ဖလှယ်ရင်း ချစ်ချစ်ခင်ခင်နေချင်တာပေါ့။
ဒါပေမဲ့ အဲ့လိုအခွင့်အရေး ကျွန်မမှာရှိမနေခဲ့ဘူး။
ဟင့်အင်း ကျွန်မကိုမပေးခဲ့တာ။
ဘာအပြစ်မှမရှိပါပဲ နှစ်ဝါတစ်နီနဲ့ ကျွန်မကိုပွဲထဲက ထုတ်ပယ်ခဲ့တာ။
ယှဉ်ပြိုင်ခွင့်တောင်မရှိပါပဲ အရှုံးဆိုတာကို ချက်ချင်းချီးမြှင့်လိုက်တာ။
ဒါပေမဲ့ ကျွန်မမရှုံးဘူး။
ကျွန်မသိပ်ချစ်တဲ့မောင်ကို ကျွန်မရအောင်ယူပြမှာ။
xiu::Hanလေး သမီးဘာလဲ? ကြည့်ပါအုန်း ချွေးတွေလည်းရွှဲလို့။ ရော့ သမီး ရေသောက်လိုက်အုန်း။
han::ဟင့်အင်း တီXiu ကိုကို ကိုက်ိုလေ
xiu::သားJong! သားJongဘာဖြစ်လို့လဲ?
han::Hanဆီက Sehunအိမ်လိပ်စာကို မေးပြီးထွက်သွားပြီ
xiu::ဘာ!! သားJongဘာတွေ လျှောက်လုပ်မလို့လဲ? ဒီကလေးနှယ် ခက်ပါတယ်။
soo::Sehunလိပ်စာကို မင်းသိတယ်မဟုတ်လားHanလေး။
သူမခေါင်းညိတ်ပြသည်။
soo::တို့ကိုပေး
han::ရှင်ဘာလုပ်မလို့လဲ
soo::တို့ကိစ္စပါ
han::တီXiu
စစ်ကူခေါ်သည့်သဘောမျိူးနဲ့ မောင့်မေမေထံမှ ခွင့်ပြုချက်ကို ယူနေတဲ့Hanလေး။
YOU ARE READING
💛မောင့်မဟေသီ💛 💛ေမာင့္မေဟသီ💛
RomanceUnicode... နှလုံးသားလေး စပြီးခုန်မြည် ချစ်တတ်ပြီဆိုကတည်းက လူတိုင်းမှာ ပထမဆုံးချစ်ဖူးတဲ့ အချစ်ဦးတော့ ရှိကြမည်မဟုတ်ပါလား?? အချစ်ဦး~~ အချိူ.့ကအချစ်ဦးဆိုတာကို ပထမဆုံးချစ်ဦးသူလို့ သတ်မှတ်တယ်. အချိူ.့ကတော့ နှလုံးသားထဲကနေ နက်နက်နဲနဲချစ်မိသွားတဲ့ ပထမဦးဆုံ...