Unicode🌹
မိုးသည်းညတွေရဲ့ အိပ်မက်ဆိုးတွေက ကျွန်တော့်ကိုနှိပ်စက်ခဲ့တာ နှစ်ပေါင်းများစွာ.
ဒါဟာ ကျွန်တော်နဲ့ထိုက်တန်တယ်မဟုတ်လား.
အိပ်မပျော်တိုင်း မှောင်မိုက်မှုထဲမှာ တစ်ယောက်တည်း တိတ်ဆိတ်စွာ ငိုကြွေးခဲ့တဲ့ကျွန်တော်.
ကျွန်တော်ချစ်တဲ့မိစိမ်းကားကြီးကတော့ ဒါတွေသိမှာမဟုတ်.
အမုန်းတွေ နာကျင်မှုတွေ အတ္တတွေနဲ့
မောင့်နှလုံးသားကို မင်းနင်းခြေတယ်Xiumin.အသက်မဲ့တဲ့ အပြုံးတွေနဲ့ မောင့်ဘဝကို မင်းဒဏ်ခတ်တယ်.
အဆုံးသတ်က ဘာတွေလဲ?
မောင်ကိုတစ်သတ်လုံး တဆစ်ဆစ်နာကျင်စေခဲ့တာလား?
မင်းရည်ရွယ်သာ စစ်မှန်တယ်ဆို မင်းမျှော်လင့်သလို မောင်တစ်သတ်လုံး မပျော်ရွှင်နေခဲ့ဘူးXiumin.
မင်းဓားထက်ထက်နဲ့မွှန်းခဲ့တဲ့ မောင့်နှလုံးသားက ညစဉ်ညတိုင်း တဆစ်ဆစ်နာကျင်နေတုန်းပါMineeရယ်.
ပခုံးသားပေါ် ဖျစ်ညှစ်ဆုတ်ကိုင်လိုက်တဲ့ လက်ကလေးတွေ.
မှောင်မိုက်တဲ့အခန်းက တစ်ချက်တစ်ချက် မြည်ဟီးတဲ့ လျှက်စီးရောင်ကြောင့် ဝင်းခနဲ.
အရောင်မဲ့မျက်ဝန်းတွေနဲ့ ကျွန်တော်မော့ကြည့်တော့ အတောက်ပဆုံးပြုံးပြနေတဲ့ Xiu.
ကျွန်တော်သိပ်ချစ်တဲ့ သူမအပြုံးတွေ.
နှုတ်ခမ်းပါးတို့ ကော့ညွှတ်ကာ မျက်ရည်ကြည်တွေနဲ့ ခပ်တိုးတိုး ကျွန်တော်ရေရွတ်လိုက်သည်က..
"chen~minee"
ကျွန်တော့်ကိုသူမပြုံးပြနေဆဲပဲ.
"chen~mineeမောင့်ဆီပြန်လာတယ်"
ပျော်ရွှင်မှုနဲ့အတူ ပွေ့ဖွက်လိုက်တဲ့ သူမခါးလေးတွေ.
ပြောင်းလဲနေတဲ့ ခံစားမှုက ဘာကြောင့်လဲ?
မရေမရာတွေးတောနေစဉ် ဖျက်ခနဲလင်းလာတဲ့ မီးရောင်နဲ့အတူ ရယ်သံလွင်လွင်လေးကြောင့် ခေါင်းထောင်ကာကြည့်လိုက်တော့ Sehun.
YOU ARE READING
💛မောင့်မဟေသီ💛 💛ေမာင့္မေဟသီ💛
RomanceUnicode... နှလုံးသားလေး စပြီးခုန်မြည် ချစ်တတ်ပြီဆိုကတည်းက လူတိုင်းမှာ ပထမဆုံးချစ်ဖူးတဲ့ အချစ်ဦးတော့ ရှိကြမည်မဟုတ်ပါလား?? အချစ်ဦး~~ အချိူ.့ကအချစ်ဦးဆိုတာကို ပထမဆုံးချစ်ဦးသူလို့ သတ်မှတ်တယ်. အချိူ.့ကတော့ နှလုံးသားထဲကနေ နက်နက်နဲနဲချစ်မိသွားတဲ့ ပထမဦးဆုံ...