##Unicode##
လ ရောင် ခြွေ
______________မနေ့က သေရည်တွေ အများကြီးသောက်လိုက်တာမို့ မနက်မိုးလင်းတဲ့ အချိန်မှာတော့ ရိပေါ့်ခေါင်းတွေ အုံနေပြီ..။ ဟိုလှိမ့်ဒီလှိမ့်လုပ်ပြီး မျက်လုံးဖွင့်ကြည့်လိုက်ခါမှ..ဘေးမှာကွေးကွေးလေး အိပ်နေသူကြောင့်..
"ရှစ်ဇွမ်း.."
"အင်း.."
မျက်လုံးမဖွင့်ပဲ ထူးလာသည်မို့ ရိပေါ်မှာ အာ ဟုရေရွတ်လိုက်ပြီး ပါးဖောင်းဖောင်းလေးကို လက်ညှိုးနဲ့တို့ကာ...
"နိုးနေရင် ထတော့လေ..ရှစ်ဇွမ်းရဲ့.."
"ခုမှအိပ်ရမှာ...မင်းကမူးနေရင် အရမ်းသွေးဆိုးတာပဲ..အဲ့ဒီသေရည်တွေက အဝင်ကောင်းပေမယ့် တစ်ရိပ်ရိပ်နဲ့ မူးလာတာလေ..တပည့်တိုင်းသုံးခွက်ပဲ သောက်ခွင့်ရှိတာ မင်းဘယ်နှစ်ခွက်တောင် သောက်လိုက်တာလဲ? "
ရှောင်းကျန့်မှာ မျက်လုံးကို မဖွင့်သေးပဲ ထိုသို့ငြူစူတော့ ရီပေါ်လည်း တွေးတွေးဆဆ နှင့်သောက်ခဲ့တဲ့ သေရည်ခွက် အရေအတွက်ကို အကြမ်းဖျင်း တွက်ချက်လိုက်တယ်..။
"ရှစ်ခွက် မဟုတ်ရင် ကိုးခွက်ပဲ ဟိုကောင်းလုပင်း ဆိုတဲ့ကောင် နဲ့စကားပြောရင်း သောက်လိုက်တော့ အရှိန်ပါသွားတာ..နောက်ပြီး ရှစ်ဇွမ်းကလဲမတားဘူးလေ ဦးလေး၂ ကလဲ ကျွန်တော့်ကို မပြောထားဘူးလေ.."
မျက်ခွံတွေကို လေးပင်စွာဖွင့်ဟလိုက်ရင်း ရှောငျးကနြျ့မှာ သက်ပြင်းဖွဖွချသည်..။ဟုတ်သားပဲ တကယ်တော့သူ့အမှားလဲမကင်းပြန်ဘူး..။
"ငါ အိပ်ဦးမယ်..မနက်ဖြန် လကွယ်နေ့ရောက်ပြီ ရိပေါ် မင်းအဆင်ပြေပါ့မလား? "
"ကျွန်တော်က ဘာကိုအဆင်မပြေရမှာလဲ ရှစ်ဇွမ်းရဲ့.."
ပြုံးစစနှင့်မေးလာတာမို့ ရှောင်းကျန့်မှာဘာ့မှပြန်မပြောတော့ပဲ အဟမ်းခနဲချောင်းဟမ့်ကာ...
"အဆင်...ပြေရင်ပြီးတာပဲ မင်းအတွက် ငါမနက်စာပြင်ပေးထားတယ် သိပ်တော့ကောင်းမယ်မထင်ဘူး.."
"ရှစ် ဇွမ်း က ကျွန်တော့်အတွက် မနက်စာပြင်ပေးတယ် ဟုတ်လား? "
YOU ARE READING
" လရောင်ခြွေ " [[ COMPLETED ]]✔
Historical Fiction// ZhanYi / တောင်သခင် ရှောင်းကျန့် နှင့် သူ့ရဲ့ခါးပိုက်နှိုက်တပည့်လေး ဝမ်ရိပေါ်အကြောင်း..။ ပန်းရိုင်းတွေပြည့်နေတဲ့ ခွမ်းဟွာတောင်ကြီးရယ်.. စွမ်းအင်မထိန်းချုပ်နိုင်တဲ့ တောင်သခင် ရှောင်ရှောင်းကျန့် ရယ်.. အမြုတေမရှိတဲ့ ချစ်စဖွယ် တပည့်ပေါက်စလေး ဝမ်ရိပေါ်...