Chapter (11)

3.2K 525 34
                                    

##Unicode#

လ ရောင် ခြွေ
_____________

လက်ချောင်း သွယ်သွယ်လေးတွေက စောင်းကြိုးကို လှုပ်ခတ်လျက်ရှိပြီး ကျီကျီကျာကျာအသံလေးကလဲ ချိုမြလွန်းသည်..။ မျက်လွှာတစ်ချက် ပင့်လိုက်တိုင်း..၊ နှုတ်ခမ်းပါးလေးဖွင့်ဟသွားတိုင်း အသဲတစ်လှပ်လှပ် ဖြစ်ဖြစ်စေနိုင်သည်အထိ ထိုမိန်းကလေးက ဆွဲဆောင်နိုင်မကပဲ နောက်တစ်​ယောက်မှာလဲ ဝါးပင်လေးလို ယိမ်းကာ ယိုင်ကာနဲ့ဘုံကြိုးပြတ်တယ့် နတ်မိမယ်အလား ကကြိုးသွယ်လျှက်..။

ရှစ်ဇွမ်းနဲ့တပည့် ပေါက်စမှာ ထိုမြင်ကွင်းအား အားမနာစတမ်း ကြည့်နေကာ မေးထောက်ကြည့်နေသော ရီပေါ်မှာ မနေနိုင်တော့ပဲ..

"ရှစ်ဇွမ်း....မမတို့က လှလိုက်တာဗျာ.."

"အင်း..လှတယ်"

"ရှစ်ဇွမ်းဘယ်သူ့ကိုပိုကြိုက်လဲ ကနေတယ့်သူလား? စောင်းတီးနေတယ့်သူလား? "

ေရှာင်းကျန့်မှာ ကောင်မလေး နှစ်ယောက်လုံးကို စေ့စေ့ကြည့်လိုက်ပြီး..ရီပေါ်နားနားကပ်ကာ တိုးသဲ့စွာနှင့်..

"နှစ်ယောက်လုံး မဆိုးဘူး..တစ်ယောက်က မိုးရေစက်လေးဆို တစ်ယောက်က နှင်းပွင့်လေးပဲ ကြည့်ရတာမျက်စိအေးတယ်.."

"ကျွန်တော်ကတော့ ကနေတယ့် မမ ကိုပိုကြိုက်တယ်..သူကတာ လိပ်ပြာလေးလိုပဲ..​ေရွှတစ်စလောက်ပေးရင် သူ့လက်ကို ကိုင်လို့ရမယ်ထင်တယ်..ဟီးး.."

"မကိုင်ရဘူး.."

"အမ်..ဘာလို့လဲ ကျွန်တော့်မှာ ပိုက်ဆံရှိတယ်လေ.."

"မကိုင်ရဘူး ဆို မကိုင်ရဘူးပေါ့ ၊ အပိုတွေမမေးနဲ့..နောက်ပြီး မင်းတို့တွေသွားလို့ရပြီ.."

ခုနကတော့ အသဲပုံမျက်လုံးများနှင့် ပေါက်ထွက်လုမတတ် ကြည့်နေပြီးတော့..၊ ခုမှ ရုတ်တရတ်ကြီး ဘာထဖြစ်တာလိမ့်..။ မိန်းမငယ်လေးနှစ်ယောက်မှာ ဗျာများသွားကာ မျက်နှာနုနုလေးကလဲ ပန်းဆီရောင် သန်းသွားကြသည်..။

"သခင်လေးတို့ အဆုံးထိ ဖျော်ဖြေခွင့်ပြုပါ.."

ရီပေါ်မှာလဲ ရှောင်းကျန့်ဝတ်ရုံစကို ဆွဲကိုင်လိုက်ပြီး မမလှလှတို့အတွက် ဝိုင်းကူပြောပေးမိတယ်..။

" လရောင်ခြွေ " [[ COMPLETED ]]✔Where stories live. Discover now