ရှစ်ဇွမ်းပိစိလေး (၂၇)__

1.8K 301 25
                                    

##Unicode

[[ရှစ်ဇွမ်းပိစိလေး ]] အခန်း(၂၇)
______________________________

မှင်ကုန်သည်..။
စာရွက်တွေလည်း ကုန်သည်..။
သို့ပေမဲ့ ထျန်ကျန့်ကတော့ အခြေခံ သရလေးများကိုတောင် ဖြစ်မြောက်အောင် မရေးနိုင်သေးတာမို့ ရိပေါ့်မှာ စိတ်ပင်ပန်းလာရသည်..။

" ဘာလို့ အဲ့လိုကြီး စူပုတ်နေတာလဲ ကျွန်တော်လည်း ကြိုးစားပြီး သင်ယူနေတာပဲကို "

" မဟုတ်တာတွေကိုတော့ မသင်ယူပဲနဲ့ကို တတ်နေတယ် "

ထျန်ကျန့် တစ်ခွီးခွီးထရယ်ကာ စုတ်တံကိုဘေးမှာချပြီး ရိပေါ့်ကို မေးထောက်ငေးသည်..။

ရွှေရောင်ဆံပင်ရှည်တို့နဲ့ အတိတ်ဘဝက ချစ်သူကို စောင့်နေတဲ့ ဝမ်ရိပေါ်ဆိုသူသည် မိမိရှေ့တွင်ရှိနေသည်..။ ဘယ်တော့မှ ချစ်ခဲ့မိမယ် မထင်တဲ့သူကို လျင်လျင်မြန်မြန်ပဲ သူချစ်မိသွားခဲ့သည်..။

" ဖြူကောင်လေး "

" ________"

"ကျွန်တော် ခေါ်နေတာ မကြားဘူးလား..? "

ရိပေါ်မှာ မှင်သွေးနေရာက စိတ်မရှည်စွာနဲ့ မော့ကြည့်လာပြီး စူပုတ်ပုတ်နဲ့ ရေရွတ်တော့တယ်..။

" ခုတော့ ဖြူကောင်လေး ဖြစ်သွားပြီပေါ့ ၊ အသဲလေး ၊ အချစ်လေး ၊ ဘဘအလှလေး ၊ ကလေးသေးသေးလေး မင်းခေါ်တဲ့ နာမည်တွေကို ငါကိုယ်တိုင်တောင် မမှတ်မိတော့ဘူး တစ်ခုဆိုတစ်ခုပဲ ခေါ်ကွာ "

"ဟင့်အင်း ရိုးလွန်းတယ် ခင်ဗျားက ကျွန်တော့်အတွက်ဆို ဘယ်တော့မှ မရိုးနိုင်ဘူးလေ တစ်ခါတလေ နွေးထွေးတဲ့ ဝက်ဝံကြီးနဲ့တူတယ် တစ်ခါတလေ ရန်လိုတဲ့ ကျားရဲတစ်ကောင်လိုပဲ..တစ်ခါတလေကျရင်တော့ ကျွန်တော့်နှလုံးသားကို လိုက်ကုပ်တဲ့ ကြောင်ဆိုးလေးလို ဖြစ်နေတာ ဒါကြောင့် ခုလိုနာမည်အများကြီးနဲ့ပဲ ခင်ဗျားက သင့်တော်တာ.."

"အမ် "

ထိုစာဖွဲ့မှုကြောင့် ရိပေါ့်မှာ အနည်းငယ် ရှက်အမ်းသွားခဲ့ကာ နှုတ်ခမ်းကိုကိုက်ရင်း ခေါင်းကိုငုံ့လိုက်မိသည်..။ ထိုအခါမှ ရယ်သံသဲ့သဲ့က အချိန်ကိုက် ထွက်လာခဲ့ပြီး..

" လရောင်ခြွေ " [[ COMPLETED ]]✔Nơi câu chuyện tồn tại. Hãy khám phá bây giờ