Chapter (26)

2.5K 408 10
                                    

##UNICODE##

လရောင်ခြွေ
_____________

" ရှစ်ဇွမ်း ရှစ်ဇွမ်း... "

ရိပေါ်မှာ တစ်ကြော်ကြော်အော်ဟစ်ရင်း တောင်စွယ်အနောက်ဘက်ကို ရောက်လာတယ်..။ ဒီအချိန် ရှစ်ဇွမ်းက တောင်ထွတ်ပေါ် သွားတာလည်းမဖြစ်နိုင်..။ ဂူထဲမှာလဲ မရှိဆိုတော့ သူရှာရမဲ့နေရာတစ်နေရာသာ ရှိသည်..။ရှစ်ဇွမ်းရေချိုး သန့်စင်သည့် စိမ်းပြာရေအိုင်ပင်..။

"ကွိ ကွိ "

ဒါက အားနျန်အသံဆိုတော့ ကျိန်းသေ ရှစ်ဇွမ်းရှိရမည်..။ ထင်တဲ့အတိုင်းပဲ ရှစ်ဇွမ်းက ရေကန်ငယ်အတွင်း စိမ်နေကာ အားနျန်ကလည်း ထို့အတူပင်..။ ဝိညာဥ်ပြိုကွဲထားတဲ့ အားနျန်က အရင်ကလို စွမ်းအင်သိပ်မကြီးတော့ပေမယ့် နတ်ဆေးသမားတော်အစွမ်းကြောင့် အများကြီးကို ကောင်းမွန်လာပြီ..။

"ငါနဲ့ ရေအတူချိုးချင်လို့ လိုက်လာတာများလား..? "

ရိပေါ်က ရေပြာအိုင်ဘေးမှာ ခါးထောက်ရပ်ရင်း ရေစိမ်နေသောသူအား မကျေမချမ်းနဲ့ ကြည့်လိုက်ပြီး..

" သူများကို ဒုက္ခပေးပြီးတော့ သူကျတော့အေးအေးလူလူ ရေချိုးနေတယ်..၊ ခုဆို ရှစ်ဇွမ်းကျေးဇူးကြောင့် တောင်ထွတ်ပေါ်သွားရင် လူတိုင်းက ကျွန်တော့်ကိုကြည့်ပြီး တိုးတိုး တိုးတိုးနဲ့ ဘာတွေပြောနေကြမှန်းမသိဘူး "

"ဘာတွေပြောလို့လဲ..? တောင်သခင်ရဲ့ကျင့်ကြံဖော်ဆိုပြီး ကောင်းကောင်း ဆက်ဆံကြတယ်မလား..? "

"ရှစ်ဇွမ်း..!! "

"အင်းး..ဘာလဲပြောလေ "

"အရူးကြီး.."

"ဟားးဟားး"

ကိုယ်က စိတ်တို စူပုတ် နေရခက်နေသလောက် ရှစ်ဇွမ်းကတော့ အပျော်ကြူးနေကာ ပါးပြင်ပေါ်က ပါးချိုင့်ရေးတေးတေးပေါ်သည်အထိ ပြုံးရယ်နေပြီး..

"ဘာတွေရှက်နေတာလဲ..? ကျင့်ကြံရေးလောကမှာ နှစ်ကိုယ်တူ ကျင့်ကြံတယ်ဆိုတာ တော်တော် ပါရမီရှိတဲ့သူတွေမှရတာ..၊ နှစ်ယောက်စလုံးရဲ့အမြုတေနဲ့ သိန္ဒိစွမ်းအင်အရင်းခံကလည်း ကိုက်ညီဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမှမဟုတ်ပဲ..မင်းလို ၁၆ နှစ်အရွယ်ကောင်လေး က ငါလိုတောင်သခင်နဲ့အတူ ကျင့်ကြံခွင့်ရတာ ဂုဏ်တောင်ယူသင့်တယ်.."

" လရောင်ခြွေ " [[ COMPLETED ]]✔Opowieści tętniące życiem. Odkryj je teraz