ရှစ်ဇွမ်းပိစိလေး (၂)__

2.2K 336 14
                                    

## UNICODE ##

[[ ရှစ်ဇွမ်းပိစိလေး ]] အခန်း(၂)
_____________________________

" ကျွန်တော်တို့အိမ်တော်ကို ကူညီတဲ့အတွက်ကျေးဇူးတင်ပါတယ်..ဒီပစ္စည်းတွေကို နည်းတယ် များတယ်လို့ သဘောမထားပဲ လက်ခံပေးပါ "

"အဟင်း..ဟင်း.."

ရယ်သံတစ်ချက်က ဧည့်သည်ဆောင်အတွင်း တိုးညှင်းစွာ ထွက်ပေါ်လာတာကြောင့် လူအားလုံးအကြည့်သည်..ခမောက်ဝိုင်းကြီးဆောင်းထားသော လူရွယ်ထံသို့ရောက်သွားကာ မဝံ့မရဲဟန်နှင့်..

"သမားတော်လေး ဘာညွှန်ကြားစရာများရှိသေးလို့ပါလဲ..? "

လက်ချောင်းသွယ်သွယ်တို့ကို လှုပ်ခါပြရင်း ထိုသူက ငြင်းဆန်သည်..။

"မရှိပါဘူး ခုလိုလက်ဆောင်တွေ အများကြီးပေးတာကိုပဲ အားနာစိတ်ဖြစ်မိလို့ပါ ဘာ့မှအပန်းကြီးတာလည်း မလုပ်လိုက်ရဘူးလေ..ဆေးတစ်ပုလင်းအတွက် ဒီလောက်ထိပေးဖို့ မလိုအပ်ဘူးထင်တာပဲ.."

ချူးလီဖုန်း က ရတနာသေတ္တာကိုကြည့်ပြီး ပြတ်ပြတ်သားသား ငြင်းဆန်နေသော်လည်း သူဘေးက ဆေးအကူလေးမှာတော့ ထိုသေတ္တာကိုအမြန်ကောက်ပွေ့ရင်း..

"ဘာလို့လက်မခံရမှာလဲ..?ဆိုရိုးစကားတောင် ရှိသေးတယ်လေ သမားတော်က ဆေးကုသစရိတ်လက်မခံရင် အဲ့ဒီဆေးက မစူးရောက်ဘူးတဲ့..၊ တော်ကြာနေ ထန်းသခင်လေးရဲ့ အကြောသေရောဂါက အရင်လိုပြန်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..? ကျွန်တော်တို့ကလည်း ဒီနယ်မှာဆက်နေတော့မှာမှ မဟုတ်တာကို..ဟုတ်တယ်မလား ထန်းသခင်ကြီး.."

ထန်းအိမ်တော်သခင်ကြီးမှာ ထိုဆေးအကူစကားကြောင့် ထိုင်နေရာမှ ဖင်တစ်ကြွကြွဖြစ်သွားသည်..။ မိမိသားက မွေးရာပါ အကြောသေ ရောဂါကြောင့် အိပ်ရာထဲ လှဲနေရတာ ၁၈နှစ် တောင်ရှိခဲ့ပြီလေ..။ သမားတော်ပေါင်းများစွာနှင့်ကုသခဲ့သော်လည်း အခြေအနေမထူးခဲ့ပေ..။

ဘယ်က ရောက်လာမှန်းမသိတဲ့ ဝတ်ရုံဖြူနှင့်မျက်နှာမပြတဲ့ လူရွယ်လေးကြောင့် လူကောင်းတစ်ယောက်လို ပြန်ဖြစ်လာခဲ့သည်မဟုတ်လား..? ရတနာသေတ္တာတစ်လုံးမပြောနဲ့..သူ့စည်းစိမ်တစ်ဝက်ပေးဖို့တောင် ထိုက်တန်သည်..။ ထို့ကြောင့်..

" လရောင်ခြွေ " [[ COMPLETED ]]✔Kde žijí příběhy. Začni objevovat