Chapter (3)

3.8K 557 21
                                    

#Unicode#

လ ရောင် ခြွေ...
"""""""""""""""""

သင့်တင့်သော တည်းခိုအိမ်တစ်လုံးကိုငှါးလိုက်ပြီး အန်းမင်ရန် နဲ့ ရှိုယိခမ် မှာ ေရှ့ကမြင်ကွင်းကို နောက်တစ်ခါကြည့်ရင်း မျက်လုံးပြူးလျက်ရှိသည်..။

ဟိုလူရွယ်လေးကတော့ အကြောပိတ်ခံထားရတာမို့ သူတို့ပစ်ချထားတဲ့အတိုင်း ငုတ်တုတ်ကြီး..၊ ညီလေးရှောင်း က ထိုလူရွယ်လက်ကို ဆတ်ခနဲ ကောက်ကိုင်လိုက်ပြီး ဟီးးခနဲရယ်ပြလာသည်..၊ မြင်ရခဲတယ့် အပြုံးတွေက ရွှန်းရွှန်းကိုဝေလို့..။

"အစ်ကိုတို့ ဒီမှာကြည့် ကျွန်တော်သူ့ကို ကိုင်လို့ရတယ်.. သူက မီးမကျွမ်း..."

"ပါးစပ်ပိတ်ထား.. "

အန်းမင်းရန် မှာ အလောတကြီးနဲ့သာပိ တ်ပင်တားဆီးပစ်လိုက်သည်..၊ ရှောင်းကျန့်မှာ ထိန်းချုပ်မရတယ့် မီးစွမ်းအင်ရှိနေခြင်းကို သာမန်လူသားမပြောနဲ့ ၊ တစ်ခြားကျင့်ကြံရေးဂိုဏ်းတွေကတောင် မသိရအောင်လျှို့ဝှက်ထားရတာ..

စွမ်းအင်ကို မထိန်းချုပ်နိုင်တယ့်သူဟာ ကျင့်ကြံသူမဟုတ်ပဲ မိစ္ဆာအဖြစ်သို့ အလွယ်တကူပြောင်းလဲ သွားနိုင်သည်မဟုတ်လား?

မိမိကိုစူးစူးရဲရဲ ကြည့်လာသော အစ်ကိုမင်းရန်ကြောင့် ရှောင်းကျန့်မှာ အစ်ကိုယိခမ်နောက် ဝင်ပုန်းလိုက်ရတယ်..၊ ဝမ်ရီပေါ်အတွက်တော့ ရှေ့မှာမြင်လိုက်ရတာတွေ ၊ ကြားလိုက်ရတာတွေကို တစ်ခုမှနားလည်မှု မရှိသလို..၊ နေစောင်းလာတာမို့ ဗိုက်ထဲက အချက်ပြသံတို့မှာ ဆူည​ံလို့လာသည်..။

ထိုအချိန်မှာ..လည်ပင်းက ဆစ်ခနဲဖြစ်သွားပြီးအသံပါ ပြန်ထွက်လို့လာတယ်..၊ကြည့်ရတာ အကြောပြန်ဖွင့်ပေးလိုက်တာပဲ..၊ ဟူးး..ဘာတွေလဲကွာ စေတနာနဲ့လဲ ကူညီပေးရသေးတယ်..၊ ခုတော့ ဘာတွေဖြစ်နေကြတာလဲ?

"ကျွန်တော် သွားလို့ရပြီလား?"

"မရဘူး "

ယိခမ် မှာ ထိုလူရွယ်ရဲ့မျက်လုံးများကိုစိုက်ကြည့်ပြီး..

"မင်းအကြောင်းကိုသိချင်တယ်.."

ဒီနေရာက ထွက်သွားရရင်ပြီးရောဆိုသော ဆန္ဒနှင့် ရီပေါ်မှာထိုင်ရာမှ လူးလဲထကာ တင်ပါးမှာကပ်နေသော ဖုန်မှုန်များကို လက်နဲ့ပုတ်ခါထုတ်လိုက်ရင်း..

" လရောင်ခြွေ " [[ COMPLETED ]]✔Where stories live. Discover now