## UNICODE ##
[[ရှစ်ဇွမ်းပိစိလေး]] အခန်း(၁၂)
______________________________" မရဘူးကျွန်တော် ဒီနေ့တောင်အောက်ဆင်းမှ ကိုဖြစ်မှာ "
အဲ့လိုကလန်ကဆန် ပြောနေသူက ထျန်ကျန့်ကလွဲပြီး ဘယ်သူရှိဦးမှာလဲ..? ရိပေါ်မှာ ထိုကောင်လေးအား မျက်မှောင်ကြုတ်၍ ကြည့်လိုက်ပြီး..
"မင်းက တောင်အောက်ဆင်းပြီး ဘာလုပ်မှာလဲ..?
" ေမှာင်ခိုစျေးမှာ ပစ္စည်းနည်းနည်းရောင်းပြီး ဝယ်စရာရှိတာ သွားဝယ်မလို့.."
"ဘာပစ္စည်းတွေမို့လို့လဲ..? ငါ့ဆီမှာရောင်းလိုက် "
"အဲ.."
မထင်မှတ်သော စကားကြောင့် ထျန်ကျန့်မျက်ခုံးအစုံဟာ အပေါ်သို့ ပင့်တတ်သွားခဲ့ပြီး ဘဘအလှလေးအား မသိမသာ စိုက်ကြည့်မိသွားတယ်..။ အကြမ်းဖျင်း မှတ်ချက်ချရင်တောင် ဒီတောင်သခင်ဆိုတဲ့သူက သိပ်ကိုလှသည်..။ အာ..သူလှတာ ငါနဲ့ဘာဆိုင်လို့လဲ..? ကျစ်! ခေါင်းထဲက ထုတ်လိုက်စမ်းပါ..။
" ပြောလေ ဘာပစ္စည်းတွေ မို့လို့လဲ..? "
ထျန်ကျန့်က ထိုသို့စျေးကိုင်၏..။
" တကယ်ဝယ်မှပြမယ် ကျွန်တော့်ပစ္စည်းက ကြေးကြီးတယ် "
" ဝယ်မယ်ကွာ ဒီနေ့ မင်းတောင်အောက်မဆင်းရင် ရပြီ "
ရိပေါ် က ပြီးပြီးရော ခေါင်းညိမ့်လိုက်သည်..။ ဒီနေ့ အရင်ဂိုဏ်းချုပ်ဟောင်းနှင့် လက်ထောက် အကြီးအကဲတို့က ခွမ်းဟွာတောင်ကို လာမယ်လို့ ချူးကောဆီက အသံမန္တန်တစ်ခု ရထားတယ်လေ..။ ဒါ့ကြောင့် ဒီငမွှေထိုးကို တောင်အောက်ဆင်းပြီး အလေမလိုက်အောင် နားချနေရခြင်း..။
ထျန်ကျန့် က ရှုံ့အိတ်ထဲက ပစ္စည်းများကို ေမွှနှောက် ရှာဖွေနေပြီး အတော်ကြာမှ ပစ္စည်းနှစ်ခုကို ထုတ်ပြလာသည်..။ ပထမတစ်ခုကိုကြည့်ပြီး ရိပေါ့်နှာခေါင်းရှုံ့မိသွားတယ်..။ သို့ပေမဲ့ ထျန်ကျန့်ကတော့ ဘဝင်မြင့်နေပုံနှင့်..
ŞİMDİ OKUDUĞUN
" လရောင်ခြွေ " [[ COMPLETED ]]✔
Tarihi Kurgu// ZhanYi / တောင်သခင် ရှောင်းကျန့် နှင့် သူ့ရဲ့ခါးပိုက်နှိုက်တပည့်လေး ဝမ်ရိပေါ်အကြောင်း..။ ပန်းရိုင်းတွေပြည့်နေတဲ့ ခွမ်းဟွာတောင်ကြီးရယ်.. စွမ်းအင်မထိန်းချုပ်နိုင်တဲ့ တောင်သခင် ရှောင်ရှောင်းကျန့် ရယ်.. အမြုတေမရှိတဲ့ ချစ်စဖွယ် တပည့်ပေါက်စလေး ဝမ်ရိပေါ်...