ရှစ်ဇွမ်းပိစိလေး (၁၉)__

1.9K 325 31
                                    

# Unicode

[[ရှစ်ဇွမ်းပိစိလေး]] အခန်း (၁၉)
________________________________

" သခင်လေး.."

မနက်ဝေလီဝေလင်း အချိန်တွင် ထျန်အိမ်တော်ရှေ့ရောက်လာသော ထျန်ခယ့်ကြောင့် တံခါးစောင့်နှစ်ယောက်မှာ လန့်ဖြန့်သွားကြသည်..။ ထျန်ခယ့် က မြင်းပေါ်ကနေ ဆင်းလာပြီး ရှုတည်တည်မျက်နှာပေးနှင့် ထိုနှစ်ယောက်အားကြည့်လိုက်ကာ..

"အဖေ အိမ်မှာရှိလား..? "

"ဟုတ် သခင်ကြီးအိမ်မှာရှိပါတယ် နောက်ပြီး__နောက်ပြီး.."

တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတာမို့ ထျန်ခယ့်မှာစိတ်မရှည်တော့..

" နောက်ပြီးတော့ ဘာလဲ..? "

"ဟို ဧည့်ဆောင်ကို သွားရင် သခင်လေးသိမှာပါ "

ဘာ့မှ ဆက်မေးမနေတော့ပဲ ဧည့်ခန်းဆောင်ဘက်ကို လျောက်လာလိုက်သည်..။ မိုးမလင်းသေးသော်လည်း အိမ်စေများက ခြံထဲတွင် ကိုယ်စီကိုယ်ငှ တာဝန်ထမ်းဆောင်နေကာ သူ့ကိုတွေ့တော့ အရိုအသေ ပြုကြသည်..။

"အ.."

လက်က ဒဏ်ရာ စူးခနဲအောင့်တတ်သွားတာမို့ မျက်မှောင်ကျုံ့ကာ ကြည့်လိုက်မိတယ်..။ အနောက်ဘက်တောထဲက ရိပေါ်ထွက်သွားတော့ စိတ်မထိန်းနိုင်ပင် ဘေးနားက သစ်အိုပင်ကြီးကို လက်သီးနဲ့ ထိုးကာ ဒေါသဖြေမိတယ်..။

ပြီးနောက် မြက်ခင်းပြင်တွင် ထိုင်ကာ အချိန်အကြာကြီး ငိုရှိုက်ခဲ့မိသည်..။ သို့ပေမဲ့ ထူးဆန်းသည်က မိမိသွေးတို့သည် မြက်ခင်းထဲ စိမ့်ဝင်သွားခဲ့ပြီး နွီလော်မြက်ပင် သေးသေးလေးတွေမှာ ချက်ချင်းကြီးထွားလာခြင်းပင်..။

များစွာ အံဩခဲ့ရသလို ထိုနည်းနဲ့ပဲ နွီလော်မြက်တွေ အများကြီးကို ရှာဖွေနိုင်ခဲ့သည်..။ နောက်ဆုံးအချိန်မှာ ရိပေါ်က ကိုယ့်ကို မရွေးချယ်ခဲ့သော်လည်း သူထာဝရ ပျော်ရွှင်ဖို့အတွက် ထျန်ကျန့် ကျန်းမာနေမှရမည်လေ..။ နောက်ပြီး ဒီဘဝတွင် သူက ကိုယ့်ရဲ့ညီလေးဖြစ်နေကာ ကိုယ့်ရဲ့ မှတ်ဉာဏ်တစ်စွန်းတစ်စ ကိုလည်း ပိုင်ဆိုင်ထားသေးသည် မဟုတ်လား..? ကိုယ်လုပ်ပေးနိုင်တာ ဒါအကုန်ပါပဲ ကိုယ့်ကလေးလေး ရိပေါ်ရယ်..။

" လရောင်ခြွေ " [[ COMPLETED ]]✔Donde viven las historias. Descúbrelo ahora