ရှစ်ဇွမ်းပိစိလေး (၅)__

1.9K 315 14
                                    

## UNICODE

[[ ရှစ်ဇွမ်းပိစိလေး ]] အခန်း (၅)
____________________________

" ကိုကို...ဖေကြီးပြောတာတကယ်လား..? "

အခန်းထဲ ဒေါသတကြီး ပြေးဝင်လာကတည်းက ခွမ်းဟွာတောင်တွင် ပညာသင်ရမယ့်အကြောင်း သိသွားပြီမှန်း ထျန်ခယ့် နားလည်လိုက်သည်..။ ရှေးဟောင်းပစ္စည်းများကို ကိုင်တွယ်ပွတ်သတ် နေရင်းမှ ညီငယ်နှင့်မျက်နှာချင်းဆိုင်လိုက်ပြီး..

"ကိုကို လုပ်တာတွေက ညီကောင်းဖို့အတွက်လေ..ဘယ်လောက်ပဲ စစ်ဘက်ရေးရာမှာ ကျွမ်းကျင်ပါစေ အခြားပညာရပ်တွေကိုလည်း လေ့လာရမှာပဲ..ခွမ်းဟွာတောင်မှာ ပညာသင်ချင်ပြီး သင်ခွင့်မရတဲ့ သူတွေအများကြီးရှိတယ်.."

"ညီ ကတော့ ပညာသင်ချင်တဲ့အထဲမှာမပါဘူး နောက်ပြီး ကိုကိုစီစဥ်တာက ညီကောင်းဖို့အတွက်ရော ဟုတ်ရဲ့လား..? တောင်ပေါ်က ဟိုထူးဆန်းတဲ့သူနဲ့ ကိုကိုတွေ့ချင်လို့မဟုတ်ဘူးလား..? "

"ညီက ဘယ်လိုလုပ်ပြီးတော့.."

သွေးဆုပ်ဖြူလျော်သွားသော အစ်ကို့မျက်နှာကိုကြည့်ကာ ကျန့်ကျန့်က တဟက်ဟက်နှင့်ရယ်သည်..။ ထို့နောက် အစေခံတွေဆီက နားစွန်းနားဖျား ကြားထားသော အကြောင်းအရာများကိုလည်း ချက်ကျလက်ကျ သိနေတာမို့..

"အဟက်!! စာအုပ်တစ်အုပ်က အဲ့လောက်ထိတောင် ကိုကို့ ကိုဆွဲဆောင်သွားတယ်ပေါ့ ညီ့ကိုခဏလောက်ငှါးပါဦးလား ဖတ်ကြည့်ချင်လွန်းလို့.."

ကျန့်ကျန့်က ထိုသို့ရွဲ့တဲ့တဲ့ စကားဆိုတော့ ထျန်ခယ့်မှာ ဝတ်ရုံလက်စကိုလွှဲခါရင်း စားပွဲပေါ်ကို လက်ညှိုးညွှန်ပြလိုက်ကာ..

"ညီ ဖတ်ကြည့်ချင်ရင်ယူသွားပေါ့ ကိုကိုက ရွှေရောင်ဆံပင်နဲ့လူကို တွေ့ချင်ရုံနဲ့ ခွမ်းဟွာတောင်ကို သွားမယ်လို့ထင်နေလား..? ညီ့ကို တကယ်ပဲစာပေကို လေ့လာစေချင်တာပါ နောက်ပြီး အဲ့ဂိုဏ်းက နှစ် ၅၀ အတွင်းသိုင်းလောကမှာ နာမည်အကြီးဆုံးဂိုဏ်းပဲ ၊ ဒါကြောင့် ရွှေရောင်ဆံပင်နဲ့လူ မရှိရင်တောင်မှ ကိုကိုနဲ့ ညီ အဲ့တောင်ပေါ်ကို သွားသင့်တယ် "

" လရောင်ခြွေ " [[ COMPLETED ]]✔Donde viven las historias. Descúbrelo ahora