Chapter (33)

2.1K 389 28
                                    

##UNICODE##

လ ရောင် ခြွေ
_____________

**ဗွမ်း..ဗွမ်း..**

"အားနျန် မင်းလည်း ရေဆော့ရတာကြိုက်တယ်ပေါ့ ငါနဲ့တူတာကြည့်စမ်း "

တောင်စွယ်အနောက်ဘက် ရှောင်းကျန့်ရေချိုးရာ ရေပြာအိုင်လေးတွင် ခြေထောက်နှစ်ချောင်း ကို တစ်ဗွမ်းဗွမ်းမြည်အောင် လှုပ်ခတ်ပြီး ရိပေါ်က ရေဆော့နေသည်..။ ဘေးတွင် ဗီးနပ်ငှက်လေးက အမောက်လေး တစ်ထောင်ထောင်နဲ့ ထိုသူ့အနားမှာ သူ့သခင်အစား အဖော်ပြုပေးလို့..။

အရင်က ရိပေါ့်အတွက် အေးစက်လှတဲ့ ရေပြာတွေက ခုတော့ သာမန်ရေတွေနဲ့ မတူခြားသလို တောင်ဖြစ်နေသည်..။

"အားနျန် အရင်က မင်းခန္ဓာကိုယ်က အကြီးကြီးဆို လူကိုတင်ပြီး မုနန်ကောလို့ နေရာစုံလျှောက်သွားလို့ ရတယ်ဆိုဟုတ်လား..?"

ငှက်ကလေးက တစ်ကွီးကွီးမြည်သံပေးပြီး ထောက်ခံသည်..။ ရိပေါ် က မေးစေ့ကို လက်နဲ့ထောက်ပြီး အားနျန်ကို လက်ထဲပွေ့ယူလိုက်ကာ..

" ချူးကော က ဆေးကုတာ အရမ်းကျွမ်းတယ် မကြာခင် မင်းပြန်ကောင်းသွားမှာပါ "

"သူများကို ပြောမနေနဲ့..ကိုယ့်ဘာသာ အတွင်းအား လေ့ကျင့်ဖို့လည်း စဥ်းစားဦး..၊ ပိုင်ဆိုင်ထားတာက ရေဝတီအမြုတေ..!စွမ်းအင်က မြေနှင်းစက်..! လူကိုတော့ သွားမကြည့်လိုက်လေနဲ့ ခုထိဒူချာနေတုန်းပဲ ဒီကြားထဲ ကိုယ့်ယောကျာ်းကိုယ် မေ့နေသေး.. "

ရိပေါ်အား ထိုသို့ တစ်တစ်ခွခွ ပြောလိုက်သူက ချွေမုနန်ပင်..။ ခုလည်း ဝမ်ရိပေါ့်ဆီကို လာချင်လို့တော့မဟုတ် သူ့ဘေးက ငှက်ပေါက်စလေး အားနျန်ဆီကို လာခြင်းသာ..။

"အားနျန်လေး ငါနဲ့ဆော့ကြမယ်လေ လာ.."

ဗီးနစ်ငှက်လေးက ပေကပ်ကပ်နှင့် ရိပေါ့်အနားမှာသာ ဝေ့လည်ဝေ့လည် လုပ်နေတာမို့ ငှက်စိတ်တိုမှာ ဒေါသကြီးလာသည်..။

" ရှောင်းကျန့်ရော..ရှောင်းကျန့်ပိုင်တဲ့ငှက်ရော စိတ်ဓာတ်ပဲဟေ့ အားအားရှိ ဝမ်ရိပေါ့်အနားပဲ ကပ်နေလိုက်ကြ တကယ်ပဲ စိတ်တိုဖို့ကောင်းလိုက်တာ.. "

" လရောင်ခြွေ " [[ COMPLETED ]]✔Nơi câu chuyện tồn tại. Hãy khám phá bây giờ