## UNICODE ##
[[ ရှစ်ဇွမ်းပိစိလေး ]] အခန်း (၂၈)
_______________________________" ဘာ..ဖြစ်တယ် မုနန်ကောက အာရုံသုံးပါးပျောက်နေတယ် ဟုတ်လား..? "
ချူးလီဖုန်း က မျက်ရည်များကို ပင့်ကာသုတ်ရင်း ရိပေါ့်အား ခေါင်းညိမ့်ပြသည်..။ ထာဝရအတွက်လား..? တစ်ခဏအတွက်လား မသိပေမယ့် လက်ရှိအခြေအနေတွင် ချွေမုနန်မှာ အာရုံသုံးပါး ပျောက်ဆုံးနေခဲ့သည်..။
" ဘာအာရုံတွေလဲ..? "
" မျက်လုံးတွေက ကြည်ကြည်လင်လင် မမြင်ရဘူးတဲ့..ခန္ဓာကိုယ်ကလည်း နာကျင်မှုကို မခံစားရတဲ့အပြင် စကားသံတွေကိုလည်း ပြတ်တောင်းပြတ်တောင်း ပဲ ကြားရတယ်တဲ့.."
"ဘာ! "
ရိပေါ် မှာ ယောင်ယမ်းကာ နောက်ဆုတ်မိပြီး ကုတင်ပေါ်တွင် အိပ်မောကျနေသော မုနန်ကောကို ကြည့်လိုက်မိတယ်..။ နွီလော်မြက်ရဲ့ ဆိုးကျိုးက ဒီလောက်တောင် ပြင်းထန်သတဲ့လား..? အစကတော့ ထျန်ခယ့် လိမ်နေတယ်လို့ပဲ ထင်ခဲ့မိတာ မုနန်ကောမှာပါ ခုလိုလိုက်ဖြစ်မှတော့ သူလိမ်နေတာ မဟုတ်ဘူးပဲ..။
"ချူးကော ဘာဆက်လုပ်ဖို့ စဥ်းစားထားလဲဟင် "
"အတတ်နိုင်ဆုံး ကုသကြည့်ရမှာပေါ့ ဒီလောက်ထိ နေပြန်ကောင်းလာတာကိုပဲ ကျေးဇူးတင်ရမှာ "
"အင်း ကျွန်တော်ရော ဘာကူညီပေးရမလဲ! "
" မလိုဘူး ထျန်ကျန့်ကိုသာ အဖော်လုပ်ပေးလိုက် ဟိုမှာ အပေါက်ဝမှာ ပြူတစ်ပြူတစ်နဲ့ ပေါက်စီလေးကို ကြည့်နေတယ် "
လှည့်ကြည့်မိတော့ အမှန်တကယ်ပင် လှုပ်လှုပ်ရှားရှား ဖြစ်နေသော ထျန်ကျန့်ကို တွေ့လိုက်ရသည်..။ သူနဲ့ အကြည့်ချင်းဆုံသွားတော့ ဟီးးခနဲရယ်ပြလာပြီး လက်ယပ်ကာခေါ်နေသည်..။
ချူးလီဖုန်း မှာ ခေါင်းကိုသာ အသာယမ်းပြီး..
"သွားတော့ "
" ကျွန်တော် တောင်စွယ်ပေါ်မှာပဲ ရှိမယ်နော် ချူးကော တစ်ခုခုလိုအပ်ရင် လှမ်းခေါ်လိုက် "
"အင်း.."
သူ့ဆီ ခြေလှမ်းကျဲများနဲ့ လျောက်လာတဲ့ မသေမျိုးအလှလေးကို ထျန်ကျန့်မှာ လက်နှစ်ဖက်ဆန့်ကာ ဆီးကြိုသည်..။ ပြီးနောက် အခန်းထဲ ခေါင်းပြူကာ ချောင်းကြည့်ရင်း..
ESTÁS LEYENDO
" လရောင်ခြွေ " [[ COMPLETED ]]✔
Ficción histórica// ZhanYi / တောင်သခင် ရှောင်းကျန့် နှင့် သူ့ရဲ့ခါးပိုက်နှိုက်တပည့်လေး ဝမ်ရိပေါ်အကြောင်း..။ ပန်းရိုင်းတွေပြည့်နေတဲ့ ခွမ်းဟွာတောင်ကြီးရယ်.. စွမ်းအင်မထိန်းချုပ်နိုင်တဲ့ တောင်သခင် ရှောင်ရှောင်းကျန့် ရယ်.. အမြုတေမရှိတဲ့ ချစ်စဖွယ် တပည့်ပေါက်စလေး ဝမ်ရိပေါ်...