#Unicode #
လ ရောင် ခြွေ
-------------------မနက်စောစော တောင်ထွတ်ပေါ် ရောက်လာတဲ့ တောင်သခင်နဲ့သူ့ရဲ့ရှားပါတပည့်လေးကြောင့် အတွင်းအား ကျင့်ကြံနေသော တပည့်များမှာ ကျောက်ရုပ်အသွင် ဖြစ်ကုန်ကြတယ်..။
ဂိုဏ်းချုပ်နဲ့ အကြီးအကဲတို့က မှာထားခဲ့ပြီးသား သူတို့မရှိတဲ့ရက်ပိုင်းမှာ တောင်ပေါ်မှာဆူဆူညံညံ မလုပ်ဖို့နဲ့ တောင်အောက်ကိုလုံးဝမဆင်းဖို့..။ဒါပေမယ့် တောင်သခင်က ဂူပိတ်ကျင့်နေတာ မဟုတ်ဘူးလား? ရုတ်တရတ်ကြီး ဘာကိစ္စနဲ့များ..
သူတို့အတွေးတွေတောင် မဆုံးလိုက် ရှောင်းကျန့် ချောင်းဟမ့်သံအဆုံးမှာ အားလုံးဟာ ခါးကိုင်းကာ အရိုအသေ ပြုကြတယ်..။
"တောင်သခင်ကို ဂါရဝပြုပါတယ် "
"အင်း...လုပ်စရာရှိတာ ဆက်လုပ်ကြ ငါ့ကိုအာရုံမစိုက်နဲ့.."
ရှောင်းကျန့်မှာ ထိုစကားတစ်ခွန်းသာ ပြောပြီး အကြီးအကဲ အိပ်ဆောင်ကို ဝင်လာလိုက်တယ်..။ နောက်ကနေ ထပ်ကြပ်မကွာလိုက်လာသော ဝမ်ရီပေါ်ကိုလက်ကာပြရင်း..
"အပြင်မှာစောင့်နေ "
"ဟုတ်ကဲ့.."
ရီပေါ်မှာ တုံ့ဏှိဘာဝေးနဲ့ စောင့်နေကာ အတွင်းအား ကျင့်ကြံနေတဲ့ ကိုယ့်လိုလူရွယ်များကိုကြည့်ကာ တော်လိုက်တာ လို့မှတ်ချက်ပြုမိတယ်..။ မွေးကတည်းက ပါရမီဓာတ်ခံနဲ့ မွေးလာသူတွေ ဆိုတော့လဲ ဘာလုပ်လုပ် တင့်တယ်တာပေါ့..။ သို့ပေမယ့် မကြာခင်မှာပဲ..
" ရီပေါ် အထဲကိုဝင်လာခဲ့.."
"ဟုတ်..."
အခန်းထဲ ဝင်ဝင်ချင်း တွေ့လိုက်ရတာက တံတောင်လောက်ရှိတဲ့ မြေအိုးထဲမှာ ပြည့်လျှံဖြိုးမောက်နေသော ရွှေစများပင်..။ ရှစ်ဇွမ်းက သူ့ကိုမျက်စပစ်ပြလာရင်း...
" လိုသလောက်ယူလာခဲ့..မင်း စျေးထဲမှာခါးပိုက်နှိုက်တာမျိုး ငါမလိုချင်ဘူး.."
ရီပေါ်မှာ အားရဝမ်းသာနဲ့..
"ရှစ်ဇွမ်း က ချမ်းသာလိုက်တာ..ကျွန်တော်လိုသလောက်ပဲယူမှာပါ ပိုတဲ့ဟာကိုခရီးကပြန်လာရင် ဒီမှာလာပြန်ထားလိုက်မယ်လေ.."
CZYTASZ
" လရောင်ခြွေ " [[ COMPLETED ]]✔
Historyczne// ZhanYi / တောင်သခင် ရှောင်းကျန့် နှင့် သူ့ရဲ့ခါးပိုက်နှိုက်တပည့်လေး ဝမ်ရိပေါ်အကြောင်း..။ ပန်းရိုင်းတွေပြည့်နေတဲ့ ခွမ်းဟွာတောင်ကြီးရယ်.. စွမ်းအင်မထိန်းချုပ်နိုင်တဲ့ တောင်သခင် ရှောင်ရှောင်းကျန့် ရယ်.. အမြုတေမရှိတဲ့ ချစ်စဖွယ် တပည့်ပေါက်စလေး ဝမ်ရိပေါ်...