Chapter (1)

7.1K 602 12
                                    

#Unicode#

လရောင်ခြွေ....
--------------------

ွညလေအေးများက လွန်လူးစွာတိုက်ခတ်နေပြီး ပိတ်ပိတ်ထူအောင် ကျဆင်းနေသော နှင်းမှုန်များက ဆိုးဝါးလွန်းတဲ့ ရာသီဥတုကို ထောက်ပြနေသလိုရှိသည် ၊ သာမာန်သူတွေအတွက်တော့ ဆိုးဝါးလွန်းတယ့် ရာသီဥတုပင်..။

'ခွမ်းဟွာ'တောင်ကြီးက အအေးဒဏ်ကို ကြံကြံခံနိုင်သော်လည်း တောင်ပေါ်ကကျင့်ကြံသူများမှာမူ..မိမိတို့ပိုင်ရာ ဆိုင်ရာ အိပ်ဆောင်၌သာ ရှိနေကြသည်..။

တစ်ချို့တွေကတော့ ကျင့်ကြံရေးကို အားဖြည့်နေကြလိမ့်မည်..၊ တစ်ချို့ကမူ ချမ်းလွန်းတယ့် ရာသီဥတုကို အကြောင်းပြပြီး ပျင်းရိနေကြလိမ့်မည်..။

တောင်ထပ်ဖျားတွင် ရပ်တန့်နေတယ့် အရိပ်တစ်ခုကတော့ တစ်ခုခုကို အတွေးများနေဟန်..၊ ဝေ့ခနဲတိုက်ခတ်သွားသော ေလကြမ်းများက ပြာလွင့်လွင့်ဝတ်ရုံရှည်ကို ဆွဲခါလိုက်သည့်နှယ်။ ကယိမ်းကပါးနှင့် အနက်ရောင်ဆံပင်ရှည်တို့က တင်ပါးအထက်မှာ ဝဲလွင့်နေသော ထိုသူက အမျိုးသားတစ်ယောက်လား၊ အမျိုးသမီး တစ်ယောက်လေလား?

ထို့သူ့ခန္ဓာကိုယ်က ထွက်လာတယ့် အပူလှိုင်းအချို့ဟာ အနီးနားရှိ လူများကို အရိုးပါ ပြာကျစေနိုင်သည်အထိ ပူပြင်းလွန်းလှသည်..၊ ခေါ်သံတစ်ခုကြောင့် ရှောင်းကျန်မှာဆတ်ခနဲ..

"ညီလေးရှောင်း.."

ဖြူလွင့်လွင့်ဝတ်ရုံရှည်ကို ဝတ်ထားသောထိုသူမှာ 'ခွမ်းဟွာ'တောင်ရဲ့ အကြီးအကဲ အန်းမင်းရန် ပင်ဖြစ်သည်..။ ဆံပင်ရှည်များကို ရှင်းလင်းစွာ ထုံးဖွဲ့ထားသော သူ့ပုံစံက လူကြီးဆန်ဆန်နှင့် ကြည့်ကောင်းလှသည်..။

" မအိပ်သေးဘူးလား"

သူ့အသံမှာ ညီငယ်လေးအား ချော့မော့နေသည့်ဟန်..၊ သို့ပေမဲ့..

"ဒီလိုရာသီဥတုမှာ ဘယ်လိုလုပ်များအိပ်စက်နိုင်မှာလဲ? ကျွန်တော့်ခန္ဓာကိုယ်ကထွက်တယ့် အပူချိန်ကို အစ်ကိုမင်းရန် မရဘူးလား.."

ကျောခိုင်းထားပေမယ့် တစ်သိမ့်သိမ့်တုန်နေသော ကျောပြင်ကိုကြည့်ပြီး အန်းမင်ရန် မှာသက်ပြင်းဖွဖွချသည်..၊ မခံစားမိပဲနေပါ့မလား? မိမိတောင် အပူခံ​ ရေခဲကြာပန်းဝတ်ရုံကို ဝတ်လာလို့သာပဲ ၊ မဟုတ်ရင် မီးကျွမ်းနေလောက်ပြီလေ..။

" လရောင်ခြွေ " [[ COMPLETED ]]✔Opowieści tętniące życiem. Odkryj je teraz