Chapter (24)

2.9K 433 25
                                    

##UNICODE##

လ ရောင် ခြွေ
______________

" ရှစ်ဇွမ်း.."

" ရှစ်ဇွမ်း.."

"အင်း ငါဒီမှာရှိတယ် "

ရိပေါ်က တောင်စွယ်ပေါ် ပတ်ပြေးကာ တစ်ကြော်ကြော် အော်ဟစ်နေသော်လည်း ကျောက်ဂူပေါ်က ထွက်လာသော အသံကြောင့် ဦးမော့ကာ ကြည့်မိတယ်..။ ရှောင်းကျန့်က ပြုံးရယ်နေသော ကောင်လေးကို မရယ်မပြုံးမျက်နှာနဲ့ ပြန်ကြည့်လိုက်ပြီး ဂူပေါ်ကလွှားခနဲ ခုန်ဆင်းလို့လာတယ်..။

"ရှစ်ဇွမ်း.."

အင့်ခနဲမြည်အောင် ရင်ခွင်ထဲ တိုးဝင်လာသော လုံးတစ်တစ်နဲ့ ကောင်လေးက သူ့ခါးနှစ်ဖက်ကို ရစ်တွယ်လာကာ သူ့ရင်ဘတ်မှာမျက်နှာအပ်၏..။ ငါတော့ မင်းစိတ်နဲ့ရူးတော့မယ် ထင်တယ်..။

"မင်း နိုးလာပြီပဲ.."

"အင်း ကျွန်တော်အကြာကြီး အိပ်သွားတာလားဟင်! "

ခေါင်းမော့ကာ မေးလာတာကြောင့် ရှောင်းကျန့်မှာ ခေါင်းလုံးလုံးလေးကို မေးစေ့နဲ့ဖိကာ ထိန်းထားရင်း..

"ဒီအတိုင်းပဲနေ ငါ့မျက်နှာကို မော့မကြည့်နဲ့ "

" ဘာလို့လဲ..? ရှစ်ဇွမ်းတစ်ကိုယ်လုံးလည်း တောင့်တင်းနေတာပဲ..တောင်ပေါ်မှာ တစ်ခုခုဖြစ်လို့လား..? "

တောင်ပေါ်မှာ ဖြစ်တာမဟုတ်ပဲ ငါ့နှလုံးသားထဲမှာ ဖြစ်တာလို့ပြောရင် မင်းဘယ်လိုများတုန့်ပြန်မှာလဲ ရိပေါ်ရယ်..။ ရင်ထဲလှိုက်တတ်လာကာ မဖိတ်ခေါ်ပဲ စုပြုံလာတဲ့ အရည်ကြည်တို့က မျက်ဝန်းအိမ်မှာ စုပြုံသည်..။

"ရှစ်ဇွမ်း.."

အတင်း ဖျစ်ညစ် ဖက်နေတာကြောင့် ရိပေါ်မှာအသက်ရှူလို့တောင် မရတော့..။ နောက်ပြီး တိုးသဲ့သော ရှိုက်သံယဲ့ယဲ့ကို ကြားနေရသယောင်..။ ငိုနေတာလား..? ရှစ်ဇွမ်း က ငိုနေတာလား..?

"ငါ ကတိပေးတယ် မင်းကိုဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူး.."

"အမ်!  အဲ့ကတိက အရင်ကတည်းက ပေးပြီးသားကြီးလေ.."

" အင်း..ဒီအတိုင်းပဲ ထပ်ပြောချင်လို့.."

လှိုက်မောတုန်ရီနေတဲ့ စကားသံတွေက ရိပေါ့်ကို အတွေးများစေသည်..။ ရှိသမျှအားနှင့် ထိုရင်ခွင်ထဲမှ တွန်းထိုးရုန်းကန်ရင်း..ရှစ်ဇွမ်းမျက်နှာကို မော့ကြည့်မိတယ်..။ ထိုသူမျက်ဝန်းတွေထဲတွင် ပဟေဠိများစွာကိန်းအောင်းနေပြီး လျှို့ဝှက်ချက်တွေကို သူမဖော်တတ်ပေ..။ သို့ပေမဲ့ ဝမ်းနည်းနေသလိုတော့ရှိသည်..။

" လရောင်ခြွေ " [[ COMPLETED ]]✔Where stories live. Discover now