ရှစ်ဇွမ်းပိစိလေး (၁၄)__

2K 350 42
                                    

##UNICODE

[[ရှစ်ဇွမ်းပိစိလေး]] အခန်း(၁၄)
______________________________

ထျန်ကျန့်ခန္ဓာကိုယ်က မီးတောင်တစ်ခုလို ပေါက်ကွဲမတတ် ဖြစ်နေတာမို့ ရိပေါ်မှာအအေးဓာတ်အချို့ကို လွှဲပြောင်းပေးနေရသည်..။ ချူးလီဖုန်း ကတော့ ဖြစ်ပျက်သွားသော အခြေအနေကို လိုက်မမှီတော့ပုံနှင့် တစ်ရှုံ့ရှုံ့ငိုနေသော ရိပေါ့်ကိုကြည့်ကာ..

" ရှောင်းကျန့်က မီးသင့်ပုလဲထဲမှာ မှတ်ဉာဏ် တစ်ချို့ချိပ်ပိတ်ခဲ့ပုံပဲ..၊ ခုသူ့သွေးနဲ့ ပေါင်းစပ်သွားတာမို့..အတိတ်ကမှတ်ဉာဏ်တွေ ပြန်ရလာမှာ ကျိန်းသေတယ်.."

ချူးလီဖုန်းက စကားစဖြတ်ပြီး ရှောင်းကျန့်နဖူးကို အတော်ကြာ တို့ထိနေပြီးမှ သက်ပြင်းဖွဖွချသည်..။ ထိုအပြုအမူကြောင့် ရိပေါ်မှာ စိုးထိတ်သွားကာ..

" သူ့ အခြေအနေက စိုးရိမ်ရလား..? "

" အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး ဒါပေမဲ့ သူ့ဝိညာဥ်ဓာတ်က ထျန်ခယ့်နဲ့ယှဥ်ရင် အားနည်းနေတယ်..နောက်ပြီးကိုယ်တွင်းကလီစာ အချို့ကလည်း ဖြည်းဖြည်းချင်း ပျက်စီးနေသလိုပဲ.."

"ဘာ..!! "

ရိပေါ့်အသံက ထိတ်လန့်စွာနှင့် ထွက်လာသလို ဖြူဖွေးသော မျက်နှာကလည်း ပို၍သွေးဆုတ် ဖြူလျော်သွားခဲ့ပြီး..

" အကောင်းတွေက ထျန်ခယ့်ဆီရောက်ပြီး အဆိုးဟူသမျှ ထျန်ကျန့်ဆီ ရောက်ကုန် တယ် လို့ ပြောချင်တာလား..? "

"အင်း..ပေါက်စီလေး ပြောတာနဲ့ ဆင်တူတယ် အမြွှာဆိုတဲ့အတိုင်း နှစ်ယောက်စလုံးရဲ့ ရုပ်ရည်၊ အမြုတေ ခန္ဓာကိုယ်အချိုးအစား အားလုံးနီးပါး တူပေမယ့် တစ်ယောက်က အားနည်းစွာနဲ့ မွေးဖွားလာတယ်..ဒါပေမဲ့စိတ်မပူပါနဲ့ သူလောလောဆယ်တော့ မသေနိုင်သေးပါဘူး.."

ထျန်ကျန့်ဆီသို့ အတွင်းအား လွှဲပြောင်းမှုကို အပြီးသတ်လိုက်ပြီး ရိပေါ် က ချူးလီဖုန်းကို ငဲ့ကြည့်သည်..။ သူတို့ ခုရှိနေတာက ရေပြာအိုင်ဘေးမှာပင်..။ အေးစိမ့်သော ရေပြာက ခုတော့ ရေနွေးပူအဖြစ်သို့ ပြောင်းလဲသွားကာ ထျန်ကျန့်ကို ထိုကန်အတွင်းတွင် စိမ်ထားရသည်..။ ရိပေါ်က တွေးတွေးဆဆနှင့် စကားဆက်သည်..။

" လရောင်ခြွေ " [[ COMPLETED ]]✔Kde žijí příběhy. Začni objevovat