## UNICODE ##
[[ ရှစ်ဇွမ်းပိစိလေး ]] အခန်း (၄၂)
_______________________________ဥတုရာသီတို့က ပြောင်းလဲလာသော်လည်း ဝမ်ရိပေါ်တွင်တော့ စောင့်ဆိုင်းခြင်း ဝဋ်ဒုက္ခက ခုချိန်ထိ စွဲကပ်နေတုန်းပင်..။ နွေဦးရောက်လျှင် ရှစ်ဇွမ်းကို တွေ့ရမည်ဟု ရည်မှန်းခဲ့သော်လည်း ခုတော့ မိုးဦးကျော်လို့ မိုးဖြိုင်ဖြိုင် ရွာနေသော မိုးတွင်းကို ရောက်နေချေပြီ..။
ချူးကော ကလည်း ခုတလော တော်ရုံနဲ့ ဂူထဲကထွက်မလာတာမို့ ရိပေါ်မှာ မုနန်ကောနဲ့သာ အဖော်ပြုနေရသည်..။
" ရိပေါ် ငါ့ကို လာကူညီပေးဦး "
ကူညီပေးဦးဆိုတော့ ဘာများထွေထွေထူးထူးလဲ လှမ်းကြည့်လိုက်မိပါတယ်..။ မိစ္ဆာငှက်ကြီးတို့များ အသက် ၂၀၀ ပြည့်ခါနီးမှ သူငယ်ပြန်နေသတဲ့..။
"ယား..လာဦးလို့ပြောနေတယ် ဒီမှာပြိုကျတော့မယ်ကွ "
ခြေထောက်နှစ်ဖက်ကို သဲထဲနှစ်ပြီး လှိုဏ်ဂူတူးနေသော ချွေမုနန်ပုံစံက ကလေးတစ်ယောက်နဲ့ တူနေသည်..။ သဲအိမ်ဖြစ်ဖို့အရေး မန္တန်တွေရော မိစ္ဆာစွမ်းအင်တွေရော ထုတ်သုံးနေသော ထိုသူကက နည်းနည်းတော့ ရူးနှမ်းနေသလို..။
ရိပေါ် က မုနန်နားသို့ အသာလျောက်လာပြီး ထိုလူသားနှင့် သဲလှိုဏ်ဂူကို ထူးဆန်းသလို ဝေ့ဝိုက်ကြည့်လိုက်ကာ..
" အဲဒါ ဘာလုပ်နေတာလဲဟင် "
" သဲလှိုဏ်ဂူဆောက်နေတာလေ ချူးလီကို လက်ဆောင်ပေးမလို့ "
"အမ် ချူးကောမွေးနေ့က မရောက်သေးဘူးလေဗျာ "
"မွေ့နေ့မဟုတ်ဘူး တို့တွေအတူနေတာ နောက်တစ်ပတ်ဆို ၈၉နှစ်ပြည့်ပြီမို့ လက်ဆောင်ပေးမလို့ "
ရိပေါ့်နှလုံးသားထဲတွင် နူးညံမှုတို့နှင့် ထုံလွှမ်းသွားကာ မုနန်ကောဘေးတွင် ဝင်ထိုင်လိုက်သည်..။ ပြီးနောက် ဘေးတွင် ချထားသော ရောင်စုံ ပန်းပွင့်လေးများကို အကြည့်ရောက်သွားမိပြန်ကာ..
"ဒီပန်းလေးတွေကရော ဘယ်မှာ သုံးမလို့လဲ"
ချွေမုနန် က သဲဂူထဲမှ ခြေထောက်နှစ်ဖက်ကို ဖြေးညှင်းစွာ ထုတ်ယူလိုက်ပြီး..
BẠN ĐANG ĐỌC
" လရောင်ခြွေ " [[ COMPLETED ]]✔
Tiểu thuyết Lịch sử// ZhanYi / တောင်သခင် ရှောင်းကျန့် နှင့် သူ့ရဲ့ခါးပိုက်နှိုက်တပည့်လေး ဝမ်ရိပေါ်အကြောင်း..။ ပန်းရိုင်းတွေပြည့်နေတဲ့ ခွမ်းဟွာတောင်ကြီးရယ်.. စွမ်းအင်မထိန်းချုပ်နိုင်တဲ့ တောင်သခင် ရှောင်ရှောင်းကျန့် ရယ်.. အမြုတေမရှိတဲ့ ချစ်စဖွယ် တပည့်ပေါက်စလေး ဝမ်ရိပေါ်...