# Unicode #
[[ ရှစ်ဇွမ်းပိစိလေး ]] အခန်း (၂၆)
_______________________________" သားခယ့် နေရထိုင်ရတာ အဆင်ပြေရဲ့လား..? "
ထျန်ခယ့် က တောက်ပစွာ ပြုံးလိုက်ပြီး..
"ဟုတ်ကဲ့ နေပြန်ကောင်းသလောက် ရှိနေပါပြီ "
"သားလည်း နေကောင်းနေပြီဆိုတော့ အဖေလည်း နန်းတော်ထဲ အခစား ဝင်လိုက်ဦးမယ် ဪ ဒါနဲ့ မင်းကြီးတောင် ဟိုတစ်လောတုန်းက အိမ်တော်ကို လာသွားသေးတယ်.. "
ထျန်ခယ့် မျက်ဝန်းအစုံက တစ်လက်လက် တောက်ပသွားခဲ့ပြီး ခိ ခနဲရယ်သည်..။ ပြီးနောက် ဖခင်အား ပြုံးစစနဲ့လိုက်ကြည့်ကာ..
" အချစ်ကို ပြိုင်လုရတာ ပျော်ဖို့ကောင်းလားအဖေ "
" သားခယ့် က ဘယ်လိုထင်လို့လဲ..? "
"အမေ က အဖေ့ ကို ချစ်ခဲ့ဖူးသလား..? "
" ဘိုးဘွားခန်းထဲမှာ မင်းအမေရဲ့ အမှတ်တရ ကျောက်တိုင်ရှိတယ် သွားမေးကြည့်ချေ.."
" အဖေကလည်း..ကျွန်တော်က ဒီအတိုင်းပဲ သိချင်တာကို "
ထျန်မင်း မျက်နှာက အနည်းငယ်မှုန်မှိုင်းသွားသော်လည်း အသက်အရွယ်ကြောင့်ထင်သည် နာကျင်မှုကို လှစ်လပ်၍ မပြတော့..။ ထိုအချိန်က စန်းရှင်းသည် အိမ်ရှေ့စံမင်းသား ဖြစ်နေပြီဖြစ်ကာ မိမိသည်ကား ထိုသူရဲ့အယုံကြည်ရဆုံး အငယ်ဆုံး အမတ်ဖြစ်သည်..။ ငယ်သူငယ်ချင်းဟူသော သံယောဇဥ်ကြိုးကြောင့်လည်း ပါမှာပေါ့..။
သူငယ်ချင်းနှစ်ယောက်နဲ့ ဆင်းရဲသောလယ်သူမလေး ဇာတ်လမ်းသည် ပုံပြင်ဆန်ေနသော်လည်း တကယ့် ဖြစ်ရပ်မှန်ပင် မဟုတ်လား..?
ထောင်ဟွာ...သူမဟာ နာမည်နဲ့လိုက်ဖက်အောင်ပင် မက်မွန်ပန်းလေး တစ်ပွင့်လို လှပလွန်းသည်..။ နိမ့်ကျသောမျိုးရိုးနှင့် တော်ဝင်သွေးပေါင်းစပ်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပေ..။ အနောက်နန်းဆောင် ဆိုတဲ့ ရှုပ်ထွေးပွေလီတဲ့ နန်းတွင်းမှာ မိဖုရားခေါင်းကြီး မဟုတ်ရင်တောင် ကျန်တဲ့သူတွေမှာ သင့်တင့်သော ကျောထောက် နောက်ခံရှိရမည်..။ သူချစ်သော မိန်းမတစ်ယောက်ကို အချစ်တစ်ခုအတွက် ဆူးပင်တွေကြားမှာ ရှင်သန်ခိုင်းရတာထက် စွန့်လွှတ်ခြင်းနဲ့သာ လီစန်းရှင်း က အဆုံးသတ်ခဲ့သည်..။
YOU ARE READING
" လရောင်ခြွေ " [[ COMPLETED ]]✔
Historical Fiction// ZhanYi / တောင်သခင် ရှောင်းကျန့် နှင့် သူ့ရဲ့ခါးပိုက်နှိုက်တပည့်လေး ဝမ်ရိပေါ်အကြောင်း..။ ပန်းရိုင်းတွေပြည့်နေတဲ့ ခွမ်းဟွာတောင်ကြီးရယ်.. စွမ်းအင်မထိန်းချုပ်နိုင်တဲ့ တောင်သခင် ရှောင်ရှောင်းကျန့် ရယ်.. အမြုတေမရှိတဲ့ ချစ်စဖွယ် တပည့်ပေါက်စလေး ဝမ်ရိပေါ်...