Chapter (43)

2.2K 347 25
                                    

##UNICODE##

လရောင်ခြွေ
______________

"အပြင်ထွက်ချင်လိုက်တာ.."

တစ်ကိုယ်တည်း ညည်းညူရင်း ခြံတံခါးကြီးကို လှမ်းကြည့်မိတယ်..။ ခုတလော မုနန်ကောနဲ့ ချူးကော က တစ်ခုခုကြံစည်နေပုံရကာ အပြင်ကိုအထွက်များပြီး သူ့ကိုတော့ အိမ်ထဲမှာသာ နေစေသည်..။

ပျင်းပျင်းနဲ့ မုနန်ကော ပေးတဲ့ကျင့်ကြံရေးစာအုပ်ကို အားရင်အားသလို လှန်ကြည့်ဖြစ်ပေမဲ့ ဆုံးခန်းတိုင်အောင် မကြည့်ရဲပေ..။ ခုလည်း စာအုပ်ကို ဖွင့်ကြည့်ရန်ပြင်ပြီးမှ သက်ပြင်းချကာ အိပ်ယာခင်းအောက်မှာ ဖွက်ထားလိုက်သည်..။ မုနန်ကောက ပြောတယ် ဒီကျင့်ကြံရေး သိုင်းကျမ်းက ရှားပါးလွန်တာမို့ အမှောင်သိုင်းလောကသားတွေ ငမ်းငမ်းတတ် လိုချင်နေတဲ့အရာတဲ့..။

" ပျင်းလိုက်တာ..ဘာလို့တစ်ယောက်တည်းထားခဲ့တာလဲ မသိဘူး "

တံခါးမကြီးနားကိုကပ်ကာ အပြင်ကို ချောင်းကြည့်လိုက်သည်..။ စျေးလမ်းဘေးက အိမ်တော်ကို ငှါးရမ်းထားတာကြောင့် အိမ်ရှေ့ထွက်လိုက်တာနဲ့ စျေးသည်များကို တန်းတွေ့ရသည်..။ သို့ပေမဲ့ ချူးကောတို့နှစ်ယောက်ကတော့ အိမ်ရှေ့ပေါက်ကနေမထွက်ပဲ နောက်ဖေးပေါက်ကနေ အိမ်ပြင်ထွက်သည်..။ နေရာရွေ့အစီအရင်သုံးပြီး အပြင်သွားတာက ပို၍များသည်..။

နေရာရွေ့ အစီအရင်..
ဒီအစီအရင်ရဲ့ အကြမ်းဖျင်းကို ချူးကော က သူ့ကိုသင်ပြထားတာကြောင့် နားလည်သော်လည်း မကျွမ်းကျင်သေးပေ..။ ဆံပင်ပြောင်းတဲ့ဂါထာကိုတောင် ခုချိန်ထိ သိပ်မရသေးဘူး..။ ရုပ်ပြောင်းတဲ့ ဂါထာမရှိလို့သာပဲ ရှိခဲ့ရင် ဒီထက်ခက်ခဲမှာ ကျိန်းသေတယ်..။

"ကယ်ကြပါဦးရှင် ကျွန်မပိုက်ဆံအိတ်ကို ခါးပိုက်နှိုက်သွားလို့.."

ခါးပိုက်နှိုက်___
ကိုယ်ဖော့ပြီး အုတ်တံတိုင်းပေါ် ခုန်တတ်ရင်း စျေးထဲက အခြေအနေကိုလှမ်းကြည့်သည်..။ ထိုအမျိုးသမီးကြီး လက်ညှိုးညွှန်ရာကို လူတစ်စုက ပြေးလွှား၍ လိုက်နေသော်လည်း သူတို့ဦးတည်ရာက ညစ်ပေ ပေရေနေသော သူတစ်ယောက်ဆီသို့သာ..။

" လရောင်ခြွေ " [[ COMPLETED ]]✔Nơi câu chuyện tồn tại. Hãy khám phá bây giờ