Severus အနားမှာရှိနေရတာ Harry အတွက်မိုးကြိုးပြစ်နေသလိုပဲ ။ ဘာအချိန်ဘာထလုပ်မလဲမသိနိုင်တာမလို့ သတိနဲ့နေနေရသည်။ အချိန်ကြာလာတော့လည်း နေသားကျသွားတာပါပဲ။ အခုဆိုအရင်ကထပ်ပိုပြီး နီးနီးကပ်ကပ်နေရသည်။ အတွင်းရေးမှူးရှိနေရင်တောင် Harry ကိုပဲခေါ်ခိုင်းလေ့ရှိတာ။
အလုပ်လုပ်ရင် တခါတလေခိုးကြည့်ပေမဲ့ သူ့အလုပ်တွေကိုယ်လည်းနားမလည်ပါ။"Harry ရော?"
မနက်မိုးလင်းတည်းကမျက်စိရှေ့ပေါ်မလာသေးလို့ အိမ်တော်ထိန်းကြီးကိုမေးရပြန်ပြီ။ Harry က Severus အတွက်ပဲအလုပ်လုပ်ပေးရပြီး ကျန်တဲ့အချိန်တွေ တန်းလျားမှာပဲကုန်ဆုံးရသည်။ သို့သော် ဒေါသကြီးတဲ့ မြို့စားက မနက်မိုးလင်းတာနဲ့ Harry ကိုအနားခေါ်ထားတော့သည်။ သူအပြင်သွားနေမှသာ အနားယူနိုင်တယ်။
"ကျွန်တော်ရောက်ပြီခင်ဗျ"
"ဘာလို့နောက်ကျနေတာလဲ"
"ဟို..ဟို ရေချိုးတာနောက်ကျသွားလို့"
အလိုက်သိလှသော အိမ်တော်ထိန်းကြီးမှာ ဘယ်အချိန်တည်းကမှန်းမသိ အခန်းထဲ၌မရှိတော့ချေ။
Severus နဲ့ Harry နှစ်ယောက်ထဲကျန်ခဲ့ပြီး ထူးထူးခြားခြားအကြည့်ခြင်းဆုံနေကြတယ်။"နောက်ဆို နောက်မကျရဲအောင် ငါ့အခန်းထဲခေါ်အိပ်မှနဲ့တူတယ်"
"အမ်..မဟုတ်ပါဘူး!!"
Severus က Harry ကိုလက်ပိုက်ကြည့်နေပြီး ခန္ဓာကိုယ်အနေအထားကိုလေ့လာသည်။ ရေတောင်သေချာမသုပ်ပဲအင်္ကျီဝတ်လာလို့ တချို့နေရာတွေကစိုနေသည်။ လည်ပင်းဖွေးဖွေးလေးမှာလည်း ရေစက်လေးတွေရှိနေသေးသည်။
သူ့အနားကိုကပ်ကာ ခေါင်းငုံ့ပြီးနှစ်ကိုယ်ကြားလေသံဖြင့်...
"ငါယုံပါတယ်...."
သူ့ရဲ့ခပ်သြသြအသံက နားကြောထဲအထိစိမ့်သွားပြီး ကြက်သီးတဖျန်းဖျန်းထသွားတယ်။ နားရွက်တွေနီရဲလာပြီး လက်ဖျားတွေကအေးစက်လျက်။ ထိုပုံစံကိုမြင်နေရသော Severus မှာ မည်သည့်နည်းဖြင့်စိတ်ထိန်းနိုင်မည်နည်း။ ရဲနေတဲ့နားရွက်အဖျားလေးကို 'ဆက်ကနဲ'ကိုက်လိုက်ပြီး လည်တိုင်ဖွေးဖွေးလေးကိုတချက်နမ်းရှိုက်လိုက်သည်။