Harry တရက်နီးပါးအိပ်ပျော်ပြီး နောက်နေ့ညမှအိပ်ယာကနိုးလာသည်။ နိုးလာတော့ ရင်းနှီးနေတဲ့မျက်နှာကြပ်ကို တစ်မိနစ်လောက်စိုက်ကြည့်ပြီးမှ ဟိုလူကြီးအိပ်ယာမှန်းသတိရတော့သည်။
"ဒီကိုဘယ်လိုပြန်ရောက်လာတာလဲ"
"အား!"
ဗိုက်ချုပ်ရိုးကသိပ်မကျက်သေးလို့ လှုပ်လိုက်တာနဲ့အောင့်လာသည်။ Harry ရအောင်ထကာ တံခါးဖွင့်ပြီးဧည့်ခန်းကိုထွက်လာတော့....
"အမလေး!!...ဘာလို့တစ်ယောက်ထဲထွက်လာတာလဲ"
"ဘယ်သူမှမရှိလို့လေ"
"ကိုယ်ရှိနေတာကို လှမ်းခေါ်လိုက်တာမဟုတ်ဘူး"
Harry ဘာပြန်ပြောရမှန်းမသိအောင်ဆွံ့အသွားတော့သည်။ တခါမှအဲ့လောက်ထိနူးနူးညံ့ညံ့အပြောမခံရဖူးဘူး။ ပြီးတော့ သူနဲ့ကိုယ်က အစေခံနဲ့သခင်ဆက်ဆံရေးကိုနည်းနည်းလေးပဲပိုဖူးတာမလား။
"ကျွန်တော့်ကိုနည်းနည်းလောက်ရှင်းပြပါလားဟင်"
"ဒီမှာထိုင်"
"ဟုတ်"
"မင်းကိုကိုယ်သိမ်းလာတာ"
"ဗျာ!"
"ဟုတ်တယ်...မခွဲနိုင်လို့ပြန်ခေါ်ထားတာ"
ပြောရင်းဖြင့် အနားကပ်လာကာ လက်တွေဆွဲယူလိုက်သည်။ Harry ဒေါင့်ကပ်ပြီးဘာပြန်ပြောရမှန်းမသိပဲ ငြိမ်ခံနေရုံသာ။ သူတစ်ခုခုလုပ်ဖို့ကြံစည်တိုင်း ဘာလို့ရုန်းမထွက်နိုင်ရတာလဲ။
သူ့မျက်ဝန်းတွေကိုစေ့စေ့ကြည့်ပြီး သူညို့ယူတာခံနေရတယ်။"ကိုယ်မင်းရဲ့နှုတ်ခမ်းလေးကိုတစ်ခါပဲပိုင်ဆိုင်ဖူးတယ်
အဲလိုပိုင်ဆိုင်ရတဲ့ပျော်ရွှင်မှုကြောင့် တသက်လုံးသိမ်းပိုက်ထားဖို့ရည်ရွယ်မိတာပဲ""....."
"ကိုယ့်ကိုလက်ထပ်မလား?"
"အင်...."
နားရွက်လေးရဲနေတာကို အခွင့်ကောင်းယူပြီး ကိုက်ဖြစ်အောင်ကိုက်သွားသေးသည်။
အထက်တန်းလွှာကလူတစ်ဦးကိုလက်ထပ်ရမှာဆိုတာ ဘယ်လောက်တောင်ကျောချမ်းစရာလဲ။
Harry ကျောက်ရုပ်လိုငြိမ်ပြီး စဥ်းစားနေတာကို သူကအားမရတဲ့ပုံ။