နောက်တနေ့မနက် Harry အိမ်တော်ကပြန်သွားရပြီ။ နောက်ဆုံးအနေနဲ့ နှုတ်ဆက်ချင်လို့ သူ့ကိုလိုက်ရှာပေမဲ့ မနက်အစောကြီးအစည်းအဝေးသွားတယ်တဲ့။ Harry အန်တီကြီးကိုပဲ သေချာနှုတ်ဆက်ပြီး အိမ်တော်ကနေ လမ်းလျှောက်ပြန်လာခဲ့သည်။ တလလောက်လေးနေခဲ့ရပေမဲ့ ပြန်သွားတော့လည်း ရင်ထဲမှာဟာတာတာကြီး။ ကိုယ့်ရဲ့ပထမဦးဆုံးအနမ်းက သူ့အတွက်ဖုန်မှုန့်စာလောက်လေးပဲရှိမှာပါ။
"Harry!!!!"
အိမ်တံခါးဝရောက်တာနဲ့ အော်ငေါက်သံကနားထဲစူးခနဲ။ Harry အိမ်ကထွက်သွားတာ ဘာအကြောင်းကြောင့်ရယ်လဲပြောမသွား။ ဒီကြားထဲဖမ်းခေါ်သွားတာခံရတော့ သူတို့စိတ်ထဲထောင်ကျတယ်ပဲထင်နေကြမှာပေါ့။ ဒါမှမဟုတ်လည်းသေပြီထင်နေလောက်တယ်။
"ဘာဖြစ်လို့လဲ"
"နင်ဘယ်တွေလျှောက်သွားနေတာလဲ!!!"
"ဘယ်မှမသွားဘူး"
"ကြည့်စမ်း..ကြည့်စမ်း အချိုးကိုက...."
"အန်တီဘာခိုင်းမှာလဲ?"
"ငါခိုင်းစရာရှိမှ နင့်ကိုဆူရမှာလား ခွေးမျိုးလေးရဲ့!!"
Harry နားငြီးလာလို့ အခန်းအစုတ်လေးထဲကိုပဲတန်းဝင်သွားကာ တံခါးပိတ်လိုက်သည်။ အဒေါ်ဖြစ်သူကတော့ ဒေါပွနေဆဲ။ အိမ်ကိုပြန်လာရတာ ဘာမှစိတ်ချမ်းသာစရာမရှိ။ အရင်လိုပဲဆိုင်မှာထိုင်ပြီးစျေးပြန်ရောင်းရတော့မည်။
ရောက်ကတည်းကအလုပ်ကိုစလုပ်ရတော့တာပဲ။
ဆိုင်သွားပြီးသန့်ရှင်းရေးလုပ် ၊ အရုပ်တွေနေရာချနဲ့ အိပ်ခါနီးမှ ပြီးတော့တယ်။ ညအိပ်တာတောင် ခါးကိုက်လို့ကောင်းကောင်းမအိပ်နိုင်ဘူး။Harry ညအိပ်နေချိန် အိမ်ရှေ့သို့စျေးကြီးတဲ့ကားတစ်စီးဆိုက်ရောက်လာသည်။ Harry ရဲ့ အဒေါ်နဲ့ဦးလေးကတော့ တအံ့သြနဲ့ထွက်ကြည့်နေကြဆဲ။
"ကျွန်မခိုင်းစရာလေးရှိလို့ရှင့်"
"မင်းကဘယ်သူမို့လို့လဲ"
ကားမှန်တံခါးကို မျက်လုံးတစ်စုံအားမြင်ရလောက်အောင်သာဖွင့်ပြီး စကားဆိုနေသည်။ အကြည့်တွေကတော့ကောက်ကျစ်လွန်းလှသည်။ ထိုစဥ် ဖွင့်ထားတဲ့မှန်တံခါးကြားမှ အထုပ်တထုပ်အားကမ်းပေးသည်။