Harry က ဘယ်လောက်စားစား ဝမလာတာကြောင့် ကြိတ်ပျော်နေသည်။ ညစာကို သုံးထပ်သားကင် အဝစားထားသော်ငြား ဗိုက်ထဲဟာတာတာဖြစ်နေလျက်။
ညဦးပိုင်းရောက်နေပြီဖြစ်တာကြောင့် ခြံဝန်းတစ်ခုလုံးဟာ တိတ်ဆိတ်နေ၏။ လတ်ဆက်သော လေဟာ ဟထားသော မှန်တံခါးကို ဖြတ်ကျော်၍ အိပ်ယာထဲသို့ တိုးဝှေ့လာသည်။ တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲ တိုးဝှေ့နေသော ကောင်လေးမှာ စိမ့်သွားသော လေထုကြောင့် ပို၍ပင် မြုပ်ဝင်မတက်ဖြစ်နေသည်။"ချမ်းတယ်"
"ကိုယ်တံခါးသွားပိတ်လိုက်မယ်"
နီတာရဲနေသော နှုတ်ခမ်းလေးက ကွေးသွားရုံ ပြုံးပြီး ခေါင်းခါပြနေသည်။ တခါတရံမှာ ထိုကောင်လေး၏ အပြုအမူများသည် မှန်းဆလို့မရနိုင်။
"ဟင့်အင်း မပိတ်နဲ့"
"ဘာဖြစ်လို့လဲ
အူးကြူး ချမ်းနေမယ်လေ""ချမ်းနေတော့ ဦးရင်ခွင်ထဲ ပိုပြီးနေလို့ကောင်းတာပေါ့"
ညအိပ်ဝတ်စုံ မီးခိုရောင်ကြားမှ ပန်းရောင် ပါးပြင်လေးအား အမြတ်တနိုးနမ်းရှိုက်၍ ရင်ခွင်ထဲပိုမို တင်းကြပ်စွာ ဖတ်ထားမိသည်။
စိတ်အရှိတိုင်းသာ ဖတ်လိုက်ရရင် Harry အသက်ထွက်သွားနိုင်သည်။ (A/N-ဖြည်းဖြည်းလုပ်ပါဟဲ့🤣)"အိပ်တော့နော်"
"ဟုတ်"
ကြီးမားလှသော အိမ်ကြီးထဲ၌ နှစ်ယောက်တည်းနေရတာတောင် ချစ်လို့မဝနိုင်။
Severus က Harry ကိုဘယ်သူနဲ့မှမတွေ့စေချင်။ အချစ်ရဆုံးသူနဲ့ပက်သက်ရင် ကိုယ့်ကိုယ်ကိုယ်တောင် မယုံကြည်တာမို့လို့။
ဘယ်အခြေအနေပဲရောက်ရောက် ကိုယ့်ဘဝနဲ့သူ့ကို ယှဥ်ပြီးရွေးချယ်ခိုင်းရင် ဒီလူသေးသေးကိုပဲ ရွေးချယ်မှာ။Harry က မနက်ဆို နောက်ကျမှနိုးတက်တာကြောင့် Severus ပဲအရင်ထကာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပေးထားသည်။
တချိန်လုံးရင်ခွင်ထဲ အိပ်ပျော်နေတာများ ဆောင်းခိုနေတဲ့ ဝက်ဝံပေါက်လေးကျလို့။"အိပ်နေဦးနော်
ကိုယ်ပြန်လာခဲ့မယ်"နူးညံ့နေသော ပန်းနုရောင်ပါးပြင်သို့နမ်းရှိုက်၍ မနက်ခင်းကိုအစပြုစေသည်။