"ကလေးလေးက ဦးနဲ့တူရင် အရပ်ရှည်မှာ"
"ကိုယ်နဲ့မတူချင်ဘူး"
"ဘာလို့လဲ"
"မိန်းကလေးပဲလိုချင်တာ"
"တော်ဝင်မိသားစုထဲဆွဲမသွင်းချင်လို့"
Harry အထူးဆန်းဆုံးသောမျက်ဝန်းများနှင့် Severus ကိုကြည့်သည်။ Severus အတွက်တော့ ဤသည်မှာ သာမန်စကားလိုပင်။ အမှန်တကယ်လည်း ထိုကလေးအား တော်ဝင်မိသားစုထဲမရောက်စေချင်။ ကိုယ်တစ်ယောက်တည်း စိတ်ဒုက္ခခံရုံနဲ့တင် လုံလောက်ပါပြီ။
"ရေမချိုးဘူးလား"
"ကိုယ့်ကိုပြောတာလား
နည်းနည်းနားဦးမယ်လေ""ဦးသဘောပါ"
"သြော်...ဒါနဲ့ Lego တွေဆက်လာတယ်"
"ခွီး~"
"ဘာလို့ရယ်တာလဲ"
ပြောတော့ဖြင့် မိန်းကလေးလိုချင်တယ်တဲ့။
ဘယ်မိန်းကလေးက Lego အရုပ်နဲ့ဆော့လို့လဲ။ Severus တစ်ယောက်နဲ့တော့ Harry အူတက်သေမှာပဲ။"မိန်းကလေးလိုချင်တယ်ပြောပြီး ဝယ်လာတော့ Lego အရုပ်"
"Lego ကကလေးတိုင်းကြိုက်တယ်လေ"
"အင်းပါ...အင်းပါ"
Severus ကိုရေသွားချိုးရန် အတင်းသွားခိုင်းပြီးနောက် Harry မီးဖိုချောင်ဝင်ရန် ကြိုးစားသည်။ တခြားအရာများမကျွမ်းကျင်သော်ငြား Harry အတွက်တော့ မီးဖိုချောင်က အကျွမ်းကျင်ဆုံးနေရာဖြစ်သည်။ ငယ်စဥ်က ဦးလေးနှင့် အဒေါ်နှိပ်စက်မှုကြောင့် မည်သည့်အခြေအနေတွင်မဆို ဟင်းချက်တက်အောင်သင်လာရသည်မို့ သာမန်ဟင်းလျာလောက်ကတော့ လျှာလည်သွားစေနိုင်သည်။
"ရေခဲသေတ္တာထဲမှာ မှိုတွေရှိတယ်
ဝိုင်နဲ့ရောချက်ရင်ကောင်းမလား"အဆင့်မြင့်ဇိမ်ခံအိမ်မို့ မီးဖိုချောင်ကလည်း သာမန်အိမ်များနှင့်မတူ သန့်ရှင်းနေတက်သည်။ အလိုအလျောက်စနစ်နှင့် မီးလုံးများ၊ကြီးမားလှသော ရေခဲသေတ္တာထဲ စားစရာနှင့်ဟင်းချက်စရာများဟာ အပြည့်အသိပ်။
"စွပ်ပြုတ်နဲ့ အရွက်သုပ် လုပ်လိုက်မယ်"
တစ်ယောက်တည်းရေရွတ်ရင်းသာ Harry ဟင်းချက်ဖို့ပြင်ဆင်တော့သည်။ စွပ်ပြုတ်အတွက် အမဲသားများကို အတုံးအသေးတွေလုပ်ပြီး ထောပတ်နှင့်အရင်ကြော်သည်။ ထို့နောက် ရေအနည်းငယ်နှင့် အာလူးအနည်းငယ်ထည့်ကာ နူးအောင်အဖုံးအုပ်ထားလိုက်သည်။ အသားများနူးသွားသည့်အခါ တခြားသောအသီးအနှံများကိုလှီးထည့်လိုက်ပြီး ဟင်းချက်ဝိုင် အနည်းငယ်ထည့်ကာ နှပ်ထားလိုက်တော့သည်။
စွပ်ပြုတ်လုပ်တာ ဝိုင်ထည့်စရာလိုမလိုမသိသော်ငြား Harry ကတော့ လက်တည့်စမ်းခဲ့ပြီ။