Harry တစ်ယောက် Newt ရဲ့ ပန်းစည်းကို ယူကာ အိမ်ထဲအတင်းပြေးလေတော့သည်။
ခြံပြင်မှာကျန်ခဲ့သူက Severus နှင့် Newt နှစ်ယောက်ထဲသာ။ Severus ကတော့ Harry ဘာလုပ်လုပ် ပြုံးပြီးသာကြည့်နေတက်သည်။ ထိုအချိန်တွင် မြင်ရသည့်အပြုံးက မြင်ရရင်ခက်ခဲလွန်းသည်။"အစ်ကို...ဘာလို့ဖွက်ထားတာလဲ"
"ငါချစ်တဲ့လူတွေကို ထပ်ပြီးမဆုံးရှုံးချင်တော့လို့"
စကားတစ်ခွန်းနဲ့တင် ထပ်မမေးဖို့လုံလောက်နေသည်။ ချစ်ရသူကို အန္တရာယ်တွင်းထဲ ဘယ်လိုယောကျ်ားမျိုးကများ ထည့်ရက်မှာလဲ။ Harry ကိုငုံထားမတက်ချစ်တာ မျက်မြင်ကိုယ်တွေ့မို့ ထွေထွေထူးထူးမေးနေစရာတောင်မလိုချေ။
"ကျွန်တော်ပြန်တော့မယ်"
"မင်းက အခုမှလာတာလေဟ"
"ကျွန်တော်အခြေအနေလာကြည့်တာပါ
အစ်ကိုပျော်သလောက်သာနေခဲ့
ကျွန်တော်ရုံးတော်ကို ထိန်းထားလိုက်မယ်""ဟင်"
ခပ်ပြုံးပြုံးနဲ့သာ ခြံဝကနေ ကားမောင်းပြီးပြန်ခဲ့တော့သည်။ နန်းတော်ထဲကပြဿနာတွေကြောင့် အမြဲမွန်းကြပ်နေတဲ့လူက တခါတလေပျော်နေတာကိုတွေ့ရတာကြောင့် မနှောင့်ယှက်ချင်တော့။ မဟုတ်ရင် လက်အိတ်ဖြူနဲ့ ကျောက်တုံးကြီးကိုပဲ ထပ်မြင်နေရတော့မည်။
"Newt ရော"
"ပြန်သွားပြီ"
အိမ်ထဲပြန်ဝင်လာသော Severus အား Chris နှင့်စကားပြောနေသော Harry မှ လှမ်းမေးလိုက်သည်။ ပြုံး၍သာအိမ်ထဲဝင်လာပြီး Harry ဘေးနားဝင်ထိုင်ရင်း သားရော၊ Harry ကိုပါ ကြည့်နေတော့သည်။
ဒီလောက်ဆို ပြောပြဖို့လုံလောက်ပြီမဟုတ်လား။"Chris ကိုခေါ်ထားလို့ရလားဟင်"
"မရလောက်ဘူး
သူကျောင်းတက်ရဦးမယ်လေ""သား ကျောင်းပိတ်ရက်တွေလာလည်မယ်လေ"
"အင်း အင်း ပြီးတာပဲ"
ညှိုးမှိုင်သွားသော မျက်နှာထားလေးကြောင့် ဘာကြောင့် ဒီလိုဒုက္ခမျိုးလာကြုံနေရတာလဲဟု တွေးမိပြန်သည်။ ဒီကလေးက ပြဿနာကြားထဲ ဝင်လာဖို့ ငယ်လွန်းတယ် မဟုတ်လား။