Part 16

685 71 20
                                    

"Hi Harry"

"ဟုတ်"

ခြံဝန်းထဲသို့ Harry ဝင်လာတာမြင်လိုက်သော Newt မှာ ပြုံးပြ၍ နှုတ်ဆက်သည်။
တီရှပ်လက်ရှည်နှင့် အသားရောင်စတိုင်ပင်အကျပ်ဝတ်ဆင်ထားသော Newt ၏
လက်ထဲ၌ ခွေးများအားအစာကျွေးရန် အသားထုပ်အကြီးကြီးကိုကိုင်ထားလေသည်။

"ခွေးလေးတွေ!"

"တိရစ္ဆာန်လေးတွေကိုချစ်တက်တယ်ပေါ့"

"အကုန်လုံးတော့ မဟုတ်ပါဘူး
ခွေးတို့ ၊ ကြောင်တို့တော့ ချစ်တယ် ဟီး!"

စကားပြောနေစဥ် အမြဲပြုံးလေ့ရှိသော Newt မှာ အစ်ကိုတော်ဘာကြောင့်သည်းသည်းလှုပ်နေလဲဆိုတာကိုသိသွား၍ ပိုမိုပြုံးနေလျက်။
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မြို့စားကတော်နည်းတူပြိုင်တူအဆင့်အတန့်ပေးထားခြင်းမှာ သာမန်မဟုတ်ချေ။

"ငါ့ဆီမှာတိရစ္ဆာန်တော်တော်များမွေးထားတယ်
မင်းစိတ်ဝင်စားရင် လိုက်ကြည့်မလား"

"ကြည့်မှာပေါ့"

Husky အကောင်ပေါက်လေးအားချီ၍ Newt နောက်ကိုအပြေးတလွှားလိုက်သွားသော Harry မှာ ခွေးဖြူလေးနှင့်ပိုတူသည်။
Newt ရဲ့ အိမ်တော်က Severus လောက်မကြီးသော်ငြား အသွင်အပြင်မှာ ပိုမိုစိမ်းလန်းသည်။
အိမ်ပတ်ပတ်လည်တွင် နှစ်ချို့အပင်ကြီးများတည်ရှိသောကြောင့် ဝင်လိုက်သည်နှင့် ရင်ကိုအေးချမ်းစေ၏။

"အူးဝါး!!
ဒီကောင်လေးကချစ်စရာလေး"

သစ်ပင်ပေါ်မှ ကိုအာလာ လေးအား လှမ်းယူကာ ရင်ခွင်ထဲထည့်ထားသော Harry ။
မျက်ဝန်းစိမ်းစိမ်းလေးများဖြင့် တောက်ပနေသော ထိုကောင်လေး၏ အကြည့်မှာ ကိုအာလာထပ်ပိုပြီးတောင်ချစ်ဖို့ကောင်းသေးသည်။

"ချစ်ရင်ယူသွားလေ
မင်းရဲ့ မြို့စားကြီးကသဘောကျရင်ပေါ့"

"ဟိဟိ
သူသဘောကျမှာပါ"

"ကျွန်တော်ပြန်လိုက်ပါဦးမယ်နော်
ဦးကခဏနေပြန်လာတော့မှာ"

"သြော် ဟုတ်သားပဲ
ခဏနေ ရုံးတွင်းအစည်းအဝေးပြီးတော့မှာ"

Harry ဘာပြောမှန်းမသိလိုက်ပေမဲ့ ပြုံးပြနှုတ်ဆက်၍သာ ခြံဝန်းထဲကထွက်လာခဲ့သည်။
ကိုအာလာလေးကပြုံးရင် ဦးနဲ့သိပ်တူသည်။
ဦးမရှိတဲ့အချိန် ကိုအာလာ လေးကိုရင်ခွင်ထဲထည့်ဖတ်ထားရင် ဦးကိုဖတ်ထားရသလိုပဲ။

My Half-blood PrinceWhere stories live. Discover now