Part 27

544 54 7
                                    

Harry ကိုဇိမ်ခံအိမ်မှာပဲထားခဲ့ပြီးနောက် Severus က ယခင်စံအိမ်တော်၌သာအလုပ်လုပ်လေ့ရှိသည်။ Harry ဆီကိုတော့ တပတ်တခါသွားရစမြဲ။ တစ်ယောက်ထဲထားခဲ့ရတာစိတ်တော့မချပေမဲ့ ထိုအိမ်တွင်တော့ ပိုလုံခြုံကောင်းပါရဲ့။

"Cissy...Necktie စည်းပေး"

"အကုန်ကျွန်မကိုပဲခိုင်းနေတော့တာပဲ"

ရုံးမသွားခင် ဂျီကျလေ့ရှိသော Lucius Malfoy ကြောင့် Narcissa မနက်စာပြင်နေတာကိုရပ်လိုက်ရသည်။ သာယာသောမနက်ခင်းလေးမှာ မိသားစုတွေမနက်စာအတူစားဖို့ပြင်နေကြတာဖြစ်သည်။ Draco ကတော့အောက်ဆင်းမလာသေးပါ။ ယနေ့ပထမဆုံးအလုပ်ဝင်ရမည်ဖြစ်တာကြောင့် အစောကြီးထကာ ပြင်ဆင်လို့်မပြီးနိုင်တော့။

"ကိုယ့်ဘာသာကိုယ်စည်းတက်ပေမဲ့ မင်းလုပ်ပေးတာ ပိုကြိုက်လို့"

"ပြောပြန်ပြီ ပေါက်ကဲ့ရတွေ"

ကြည်တောက်နေသည့် မျက်ဝန်းပြာပြာများဟာ Narcissa ကိုနေရခက်အောင်သိပ်လုပ်တက်သည်။ သွေးကြောစိမ်းများမြင်နေရသည့် လက်တစ်စုံဟာ ခပ်အိအိပါးပြင်သို့မြတ်နိုးစွာပွတ်သပ်နေပါ၏။

"ဘယ်လိုဖြစ်နေတာလဲ"

"သားရောက်လာတော့မယ်"

"ရောက်လာလဲ ဘာဖြစ်လဲ"

"ရှင်တော်တော်ဆိုး"

Lucius နှင့်ယှဥ်လျှင် အနည်းငယ်သေးကွေးသော Narcissa က ရင်ခွင်အကျယ်ကြီးထဲလွယ်ကူစွာ မြုပ်ဝင်သွားသည်။ ဘယ်တော့မှစကားနားမထောင်တဲ့ ဝန်ကြီး Lucius Malfoy လို့ခေါ်လျှင် သူစိတ်ဆိုးတက်သည်။ မွေးထားတဲ့သားနှင့်တောင် ပြိုင်ပြီးဂရုစိုက်ခံချင်သေး။

"အဖေ..အမေ"

"လာပြီလား"

"သားလာပြီလား...ဖယ်...ဖယ်"

Draco အောက်ဆင်းဆင်းချင်း အဖေ့ရင်ခွင်ထဲရောက်နေသော အမေ့ကိုကြည့်ပြီး အင်တင်တင်ဖြစ်သွားသည်။ ၁၉နှစ်စာလောက်ကို Romantic ဆန်လို့မပြီးနိုင်ကြပါလား။

"မနက်စာစားရအောင်"

"သားဒီနေ့ရုံးတက်မယ်ဆို"

"ဘယ်ရုံးလဲ...ငါ့ရုံးလား"

"မဟုတ်ပါဘူး...မြို့စားမင်းရဲ့အတွေးရေးမှူးလက်ထောက်"

My Half-blood PrinceWhere stories live. Discover now