"ဦးစားချင်ရင် စားလို့ရပြီနော်"
"အတူတူစားမယ်လေ"
"သဘောပါဗျာ"
နေ့လယ်စာစားချိန်ကျော်သွားပေမဲ့ နှစ်ယောက်လုံး ဖြစ်သလိုပဲစားလိုက်ရတော့သည်။ Severus က စံအိမ်ကို ဆောက်ထားပြီး တခါတလေသာ လာလည်လေ့ရှိတာကြောင့် ဘာဆိုဘာမှသိပ်မရှိ။
အလုပ်သမားတွေကလည်း ခွင့်ပြုချက်မရပဲ မဝင်ရဲတာကြောင့် ဇိမ်ခံစံအိမ်ကြီးက ဟောင်းလောင်း။"ဦးရဲ့သားလေးရော ဒီကိုလာဖူးလား"
"...."
"ဦး!!"
"ဆက်မမေးနဲ့!"
Severus ရဲ့လေသံဟာ ချက်ချင်းမာသွားသည်။ Harry နဲ့မျက်လုံးချင်းဆုံအောင်မကြည့်ပဲ ပန်းကန်ထဲက စားစရာတွေကိုသာ စိုက်ကြည့်နေသည်။
"ဘာဖြစ်လို့လဲ
ဦးရဲ့ကလေးကို ကျွန်တော်လည်းတွေ့ချင်တယ်လေ""မလိုဘူး!"
သူ့သားအကြောင်းနဲ့ပက်သက်လာရင် ဦးက အမြဲဒီပုံစံဖြစ်သွားတယ်။
ဘာကြောင့်လဲ။
ဘာကြောင့် ခေါ်မပြချင်တာလဲ။"ကျွန်တော်နဲ့တွေ့ရင် သူဘာဖြစ်သွားမှာမို့လို့လဲ!!!"
"Harry!"
စားပွဲကနေ ဆောင့်အောင့်ပြီး ထွက်သွားကာ တံခါးကို ကျယ်လောင်စွာပိတ်လိုက်တော့သည်။ ထုံးစံအတိုင်း Harry စိတ်ဆိုးပြန်ပြီ။
"တံခါးခဏဖွင့်ပါဦး"
"မဖွင့်ဘူး"
"စိတ်မဆိုးနဲ့လေ"
"ကိုယ်မချော့တက်ဘူးလို့"
အခန်းတံခါးနားမှာ တစ်ယောက်တည်း ခေါင်းကုတ်နေသော Severus ။
"အူကြူးရေ!!"
"မသိဘူး!"
တံခါးရှေ့မှာ ယောင်လည်လည်ဖြစ်နေသော Severus ။ မချော့တက်သူမို့ ပါးစပ်ဟလိုက်တိုင်း စကားလုံးတွေပျောက်သွားရသည်။
အခန်းတံခါးကိုလည်း အတင်းမဖွင့်ရဲ့ချေ။
အရင်က ဘယ်သူမှမတားရဲခဲ့တဲ့သူက အခုတော့ အခန်းတံခါးတောင် မဖွင့်ရဲချေ။"ကိုယ်မနက်ဖြန်ခေါ်လာခဲ့မယ်နော်"
"တကယ်လား"