Harry ကျောင်းစတက်တော့ အရာအားလုံးကအသစ်အဆန်းဖြစ်နေသည်။
ကျောင်းဝတ်စုံတွေကအစ ၊ စာသင်ခန်းတွေအဆုံး အကုန်လုံးက လူချမ်းသာတွေပဲတက်နိုင်တဲ့အရာတွေ။ စာသင်ခန်းထဲမဝင်ခင် ကြောက်စိတ်ကိုဖျောက်ရန် လက်သီးကိုတင်းတင်းဆုပ်ကာ အခန်းရှေ့မတ်တပ်ရပ်နေသည်။ ကျောင်းကိုမလာခင် ဦးဝတ်ပေးလိုက်တဲ့ လက်ထပ်လက်စွပ်လေးကိုပွတ်ပြီး အရဲစွန့်ကာ အခန်းထဲဝင်သွားတော့သည်။ဦးက နှစ်ယောက်လုံးရဲ့သင်္ကေတအနေနဲ့ လက်ထပ်လက်စွပ်လေးဝတ်ပေးလိုက်တယ်။
အခုချက်ချင်းလက်ထပ်ပွဲလုပ်လိုက်လို့ရပေမဲ့ ကိုယ်စိတ်ရှုပ်မှာဆိုးလို့တဲ့။
ဦးကလေ အရာရာကိုကြိုမြင်နိုင်တဲ့ သိပ်တော်တဲ့လူကြီး။"Hello!"
နှုတ်ဆက်စကားကြောင့် ကျောင်းသားအားလုံးတိတ်ဆိတ်သွားတော့သည်။ ဆရာမလာသေးလို့ တခန်းလုံး ဆူညံပြီးသောင်းကျန်းနေကြတာ။
"ကျောင်းသားသစ်လား?"
အားလုံးထဲကမှ ကျောင်းသားခေါင်းဆောင်လို့ယူဆရတဲ့တစ်ယောက်က Harry ကိုမေးတော့ အသာတကြည်ခေါင်းငြိမ့်ပြလိုက်သည်။
သူကခေါင်းဆောင်ဆိုတဲ့အတိုင်း သူ့စကားဆို တတန်းလုံးလိုက်နာကြတာပဲ။"ကြိုဆိုပါတယ်!!"
"အဟေး!!!"
"အားလုံးတိတ်ကြတော့!!
ငါနည်းနည်းလေးနောက်ကျတာနဲ့ မင်းတို့ကောင်တွေ ဂျိုကြွလာတာပဲ
ဟိုကျောင်းသားသစ်လည်း နေရာမှာသွားထိုင်သင့်ပြီ""ဟုတ်ကဲ့"
ဒီနေ့ကျောင်းမှာ အများကြီးပျော်ရတယ်ဆိုတာ ဦးကိုပြောပြရမယ်။
သူငယ်ချင်းအသစ်တွေ၊ပျော်စရာအသစ်တွေအများကြီးရခဲ့တယ်။
စိုက်ပျိုးရေးဝန်ကြီးရဲ့ သမီး Hermione ရယ်။
ထိပ်တန်းအရာရှိရဲ့သား Draco ရယ်။"ဦးရေ ပြန်ရောက်ပြီ"
အိမ်ကနေကားနဲ့လာကြိုခိုင်းလိုက်တာကြောင့် Harry အိမ်ရောက်ရောက်ချင်း အခန်းဆီပြေးတော့သည်။ ကားသမား၏ အပြောအရ ဦးက အပြင်သွားလို့ ကားလွှတ်လိုက်တာဖြစ်သည်။ Harry ပြန်လာတော့ ခြံဝမှာ ဦးရဲ့ကားပြန်ရောက်နေတာတွေ့လို့ အခန်းထဲအပြေးဝင်လာရခြင်းသာ။