Part 17

687 70 52
                                    

"ဘာဖြစ်တာလဲ Doctor!"

အခန်းထဲမှာ စမ်းသပ်နေသော Doctor မှာ အပြင်ကိုပြာပြာသလဲ ဖြင့်ထွက်လာတာကြောင့် Severus လန့်သွားတော့သည်။ Harry များတစ်ခုခုဖြစ်တာမလား။ နဖူးမှာချွေးစေးတွေပျံလာပြီး Doctor ရဲ့မျက်နှာကို ​ပေါက်ထွက်မတက်ကြည့်နေလျက်။

"ဒီလိုခေတ်မှာ ဒါမျိုးက ထူးဆန်းတဲ့ကိစ္စမဟုတ်ပေမဲ့
ကျွန်တော်ရှင်းပြပါ့မယ်"

"ဘယ်လို?"

ဧည့်ခန်းထဲက ထိုင်ခုံမှာနေရာယူလိုက်ပြီးနောက် ရှင်းပြရန်စကားစလိုက်တော့သည်။

"ကောင်လေးက မြို့စားရဲ့ချစ်သူ သို့မဟုတ် အတူနေတဲ့သူလား"

"နှစ်ခုလုံးအတူတူပဲ!"

"အဲ့တာဆို သူ့မှာကိုယ်ဝန်ရှိနေတယ်!"

"ဘာ!!
မဖြစ်နိုင်တာ"

အံ့သြလွန်းလို့ မတ်တပ်တောင်ထရပ်မိသည့် အခိုက်အတန့်။ Harry ကဘယ်လိုဖြစ်ပြီးတော့ ကိုယ်ဝန်ဆောင်နိုင်မှာလဲ။ ယောကျ်ားတစ်ယောက်က ဘယ်လိုလုပ်ကလေးမွေးရမှာလဲ။

"ဟုတ်တယ် ကျွန်တော်က Gay တချို့မှာလည်း ဒါမျိုးကြုံဖူးလို့ မထူးဆန်းတော့ပါဘူး။
အနည်းစုက မွေးရာပါ ပါလာကျတာပဲ။
ဒါပေမဲ့...."

"ဒါပေမဲ့ ဘာဖြစ်လဲ"

"အိပ်ခန်းထဲကကောင်လေးကတော့ မွေးရာပါမဟုတ်ဘူး သူ့ဗိုက်ပေါ်မှာ ခွဲစိတ်ထားတဲ့ ဒဏ်ရာတွေ့တယ်။

"အဲ့တာက အူအတက်ပေါက်တုန်းကခွဲထားတာလေ"

Severus မျက်နှာအတော်လေးပျက်နေပြီး ဖြစ်တာကြောင့် ဆရာဝန်က စိတ်သက်သာရာရအောင် သေချာရှင်းပြနေသည်။ ဘယ်လောက်ပဲရှင်းပြ၊ရှင်းပြစိုးရိမ်ပူပန်မှုက လျော့ကျမသွားချေ။

"ကျွန်တော်အူအတက်ပေါက်ရင် ဘယ်လိုခွဲစိတ်လဲဆိုတာသိပါတယ်
ဒီဒဏ်ရာကမတူဘူး ပိုကြီးပြီးတော့ အူအတက်နဲ့နေရာလွဲနေတယ်"

"ကျွန်တော့်စိတ်ထင် တစ်စုံတစ်ယောက်က ကောက်ကျစ်ပြီးတော့ လုပ်ကြံတာပဲဖြစ်မယ်"

"သူ...သူ ကလေးရောမွေးလို့ဖြစ်ပါ့မလား"

ကလေးပဲရှိသေးတဲ့လူက ကလေးမွေးမှာကို စိုးရိမ်လို့မဆုံး။ အပူအကင်ကင်းတဲ့ ကလေးလေးက ဒီအကြောင်းသိရင် ဘယ်လောက်တောင်လန့်သွားလိုက်မလဲ။

My Half-blood PrinceWhere stories live. Discover now