"ကျွန်တော် မနက်ဖြန် ကျောင်းသွားလို့ရတယ်မလား"
"မသွားရတော့ဘူး"
"ဟင် ဘာဖြစ်လို့လဲ!"
"ဆရာဝန်က ကျန်းမာရေးမကောင်းလို့ အနားယူဖို့မှာသွားတယ်"
"တရက်ပဲ တက်လိုက်ရတာလေဗျာ!!"
Harry ကိုဘယ်ကစပြောရမှန်းမသိပါ။
အခုချိန် ဒီအကြောင်းကြားရင် တအားများ လန့်သွားလေမလား။
အပူအပင်ကင်းတဲ့ကောင်လေးကတော့ ကျောင်းမတက်ရလို့ Severus ကိုစိတ်ကောက်သွားလေသည်။"နောက်ကျ ကိုယ်ပြန်အပ်ပေးမယ်လေ အူကြူးရဲ့"
"မသိဘူး!"
"စိတ်မကောက်ပါနဲ့ကွာ"
"ဦးက အမျိုးမျိုးလုပ်နေတာလေ"
"ကျန်းမာရေးမှမကောင်းသေးတာ
ဘယ်လိုစိတ်ချနိုင်မှာလဲ"စိတ်ကောက်ပြီး အိပ်ယာထဲကထွက်သွားကာ ခေါင်မိုးပေါ်တက်ထိုင်နေသည်။
ပြတင်းပေါက်ကနေ ထွက်ယုံနှင့် ခေါင်မိုးပေါ်သွားလို့ရသည်။ Harry က ခန္ဓာကိုယ်သေးတာကြောင့် ပိုလို့တောင် လွယ်ကူနေ၏။"Harry!!!"
"ဘာလဲ!"
"အထဲဝင်ပါလား
အဲ့မှာ ပြုတ်ကျနေမှဖြင့်...""...."
ဒီကလေးနှယ် ခေါင်းမာလိုက်တာ...။
ခန္ဓာကိုယ်သေးသေးလေးနဲ့ ခေါင်မိုးပေါ်တက်ထိုင်နေတာ ပြုတ်ကျတော့မှာပဲ။"ဒီနေ့ ကလေး ဖြစ်ချင်တာ အကုန်လုပ်ပေးမယ်လေ...အထဲဝင်တော့နော်
လိမ္မာတယ်""တကယ်လား?"
အရောင်တွေလဲ့နေသော မျက်ဝန်းလေးများဖြင့် လှည့်ကြည့်တာကြောင့် Severus ခေါင်းငြိမ့်ပြလိုက်သည်။ ကလေးငယ်လေး ဗိုက်ထဲရောက်နေတာသာ ပြောပြလိုက်ရင် ဒီမျက်ဝန်းလေး ပျောက်ကွယ်သွားမလား။
"အင်း..လာ..ဦးဆီကိုလာ"
"လာပြီ...ဟီးဟီး"
ပြတင်းပေါက်ကနေ ကျော်ခွပြီး အခန်းထဲပြန်ဝင်လာကာ Severus ပေါ်ခုန်တက်တော့သည်။ အားသန်တဲ့ Severus က ခါးကိုချိတ်ပြီး တင်ပေးထားတာကြောင့် အောက်သို့ပြုတ်ကျမသွား။