ကားဖြင့် အချိန်အနည်းငယ်ခန့် မောင်းပြီးထွက်လာခဲ့သည့်နောက် စာရင်းရှင်းရမည့် ပထမဆုံးအိမ်ကို ဆိုက်ရောက်လာခဲ့သည်။
ကားပေါ်က ဆင်းသည်နှင့်တပြိုင်နက် လက်အိတ်ဖြူတွေဝတ်ကာ ရင်ကော့၍ အိမ်တံခါးဝကိုသွားသည်။ နက်ပြာရောင် Suit နှင့်လိုက်ဖက်စွာ ရင်အုပ်ကားလှတာမို့ ကော့ထားသည့်အခါ မည်သူမျှ ယှဥ်မပြိုင်ရဲလောက်အောင် ခန့်ညားနေသည်။"Knock~Knock"
"ဘယ်သူလဲ"
"ဖွင့်စရာရှိတာဖွင့်!"
"အောင်မာ...ရာရာစစ..."
တံခါးကိုအားရပါးရ ဆွဲဖွင့်ကာ ရန်တွေ့ရန်ပြင်လိုက်သော်ငြား Severus ကိုကြည့်ပြီး ပါးစပ်ပိတ်သွားရသည်။ သို့သော် Severus ကတော့ ဒီတိုင်းရပ်မနေ။ အိမ်ထဲသို့ တွန်းဝင်ကာ တံခါးကို Lock ချလိုက်သည်။ ထို့နောက်...
"ဖြောင်း~"
"ဘယ်လိုလုပ်လိုက်တာလဲ!!"
Harry ရဲ့ ဦးလေးဖြစ်သူမှာ ရိုက်ချက်ကြောင့် ကြမ်းပြင်ပေါ်ခွေကျသွားရသည်။ အလွန်ကြီးမားလှသော ခန္ဓာကိုယ်ကြောင့် အရှိန်မထိန်းနိုင်တာလဲပါမည်။
"မင်းတို့ ပိုက်ဆံဘယ်လောက်ရထားလဲ"
"ဘာကိုဆိုလိုချင်တာလဲ
မင်းမေးတာ ငါတို့ဘာမှမသိဘူး"လဲကျနေသော ခင်ပွန်းဖြစ်သူအား တွဲထူပေးရင်း Severus ကို မကြည်သောအကြည့်ဖြင့်ကြည့်နေသည်။ လက်အိတ်ဖြူနဲ့လူမှာတော့ အေးဆေးစွာ မတ်တပ်ရပ်နေရင်း...
"မင်းတို့ Harry ကို အခုလိုလုပ်ဖို့ ဘယ်လောက်ရလိုက်လဲလို့!!!"
Severus နောက်ဆုံးပြောလိုက်သော စကားကြောင့် လင်မယားနှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက်။
အိမ်ထဲကိုရုတ်တရက်ရောက်လာတဲ့ ထိုလူက အရာအားလုံးကိုသိနေခဲ့သည်။"ဆယ်...ဆယ်ဂဏာန်းလောက်"
"ဘာတွေလုပ်ပေးလိုက်လဲ"
"Harry ကိုဆေးပဲတိုက်ပေးလိုက်တာ
ကျန်တာဘာမှမလုပ်ပါဘူး"ဒေါသအလွန်ထွက်သွားသော်ငြား စိတ်ကိုလျော့ကာ Harry မျက်နှာလေးတွေးပြီးဖြေသိမ့်ရသည်။