"အန်တီ!!...အန်တီ!!"
"ပြောလေ...ကောင်လေး!!"
Harry တနေ့လုံးအခိုင်းအစေအန်တီနောက်ကလိုက်ကာ သိလိုသမျှအကုန်မေးတော့သည်။ အလုပ်တွေကူလုပ်ပေးသောကြောင့် အန်တီကကောင်းကောင်းမွန်မွန်ပြောပြနေသည်။ ငယ်ငယ်လေးတည်းက အိမ်အလုပ်တွေနဲ့ကြီးလာရသူမို့ မရိုးတော့ပါ။
"ဟိုလူကြီးက ဒီအိမ်တော်မှာဘာလဲ"
"ဘယ်လူကြီးတုန်း"
"မနက်က ကျွန်တော်နဲ့အတူ မနက်စာစားတဲ့ဦးလေးကြီးလေ"
ဝဝဖိုင့်ဖိုင့်နှင့် ခင်မင်ဖို့ကောင်းလှသော ထိုအန်တီသည် Harry စကားမှာအတော်လေးကိုထိတ်လန့်သွား၏။ မြို့စားမင်းလည်းဖြစ် ၊ တော်ဝင်အမျိုးအနွယ်လည်းဖြစ်တဲ့ အရှင့်အားမည်သူမျှ 'ဦးလေးကြီး'လို့မခေါ်ရဲခဲ့ချေ။
"အမလေး!!!
ငါတော့အလုပ်ပြုတ်တော့မှာပဲ ကောင်လေးရယ်"ရင်ဘက်ကိုလက်နဲ့ဖိကာ ငြီးတွားနေသောထိုအန်တီအား နားမလည်နိုင်သောအကြည့်များဖြင့်ကြည့်နေမိသည်။ Harry ပြောတဲ့စကားထဲအမှားမှမပါချေ။ ကိုယ့်ထပ်အသက်အများကြီး ကြီးနေလို့ 'ဦးလေးကြီး'ဟုသုံးနှုန်းလိုက်ခြင်းသာ။
"ဘာလို့လဲ အန်တီရဲ့"
"မင်းဒီမှာနေမယ်ဆိုရင် မြို့စားမင်းကို မြို့စားမင်း ဒါမဟုတ် အရှင်လို့ပဲခေါ်ရမယ်"
"မြို့စားမင်းကတော့ဟုတ်ပါပြီ
အရှင်လို့ဘာကိစ္စခေါ်ရမှာလဲ""တော်ဝင်အမျိုးအနွယ်ဖြစ်နေလို့ပေါ့
England ရဲ့လက်ရှိအိမ်ရှေ့စံမင်းသားနဲ့ဆို ညီအစ်ကိုတဝမ်းကွဲတော်တယ်""Oh my god!!!"
Harry အတော်လေးလန့်သွားသောကြောင့် ဖင်ထိုင်ရက်သားဖြစ်သွားသည်။ အန်တီကတော့ ဆေးပြီးသားပန်းကန်အချို့ကိုသယ်သွားရန် ပြင်ဆင်နေသည်။ ဒီလိုလူကိုမှ ဘာလို့ဒဏ်ရာရအောင်လုပ်မိတာပါလိမ့်။
"အခုမှလန့်မနေနဲ့
မြို့စားမင်းရှေ့မှာသာ သွားမခေါ်မိစေနဲ့
သူက စိတ်ကြီးတယ်""ဟုတ် ဟုတ်"
တမနက်ခင်းလုံး ပန်းကန်ကူဆေးလိုက် ၊ ကြမ်းတိုက်ပေးလိုက်ဖြင့် အလုပ်ရှုပ်နေသည်။ ညနေကျရင်နေရမှာခြင်းအတူတူ မထူးတော့တာကြောင့် အခုကတည်းကကြိုလုပ်နေမိသည်။ နေ့လည်စာစားချိန်တွင် အခိုင်းအစေတန်းလျားမှာပဲ သွားစားရသည်။
ဒီအိမ်တော်ရဲ့အစေခံအစားအစာက Harry နေ့တိုင်းစားခဲ့ရတဲ့ စည်သွပ်ဘူးတွေရဲ့အရသာထပ် အများကြီးပိုကောင်းနေသည်။