"မနက်ဖြန် နန်းတော်ထဲလာခဲ့မှာမို့ ဒီလောက်နဲ့ပဲ စကားဖျက်ပါရစေ!"
"ဟက်!...မင်းကလေ သွေးနှောဖြစ်နေတာတောင် ကြီးကျယ်နေတုန်းပဲ"
"အဆင့်အတန်းရှိခြင်းမရှိခြင်းက အကျင့်စာရိတ္တနဲ့ပဲဆိုင်ပါတယ်"
"တီ~"
ခပ်ပြတ်ပြတ်လေသံဖြင့် ဖုန်းအရင်ချခဲ့သော်ငြား စိတ်ထဲမကြည်မလင်ဖြစ်နေတော့သည်။ အေးစက်စက်မျက်နှာထားဟာ မကြာသေးခင်က Severus နှင့်မတူတော့ပေ။ ပြိုတော့မည့်မိုးကဲ့သို့ စိတ်ထဲအမှောင်ဖုံးလွှမ်းလာသည်။
"ဦး..."
"ဟင်..."
ခြံထဲအထိလိုက်လာသော Harry ကိုမြင်သောအခါ အေးစက်စက်မျက်နှာထားဟာ ရုတ်တရက်ပြုံးသွားတော့သည်။
မျက်ဝန်းများဟာ လောင်ကျွမ်းနေသည့်မီးတောက်ငယ်အလား နွေးထွေးနေ၏။
ခပ်ရေးရေးကွေးတက်နေသည့် နှုတ်ခမ်းပါးမှာ သဘောအကျဆုံးအစိတ်အပိုင်းပင်ဖြစ်သည်။"ခြံထဲဆင်းတာကြာနေလို့ လိုက်လာတာ။"
"အင်း...ဖုန်းပြောနေလို့။"
စကားကိုအဖွဲ့အနွဲ့များစွာမပြောတက်သူပီပီ Harry မေးမှသာပြန်ဖြေလေ့ရှိသည်။
သို့သော် အပြုံးကတော့ပျောက်မသွားချေ။
ဘေးနားရောက်လာသည့် Harry အား ခါးကိုပွေ့ဖတ်လိုက်ပြီး လက်မောင်းကိုကျန်လက်တစ်ဖတ်ဖြင့်ထိန်းထားသည်။"ဘာလုပ်တာလဲ"
"ချောလဲမှာဆိုးလို့"
"မလဲပါဘူးဗျာ...ခြံထဲမှာဒီလောက်ရှင်းနေတာကို"
"အန္တရာယ်ကကြိုမှမမြင်ရတာ"
ထိုစကားကြားသည့်အခါ Harry က နှစ်ခြိုက်စွာရယ်သည်။
ဤအချင်းအရာကို Severus ကနားမလည်နိုင်သော မျက်ဝန်းဖြင့်ကြည့်နေ၏။
ကလေးကိုစိတ်ပူလို့ ဂရုစိုက်ပေးတာပဲ မဟုတ်ပါလား။ ကလေးမချစ်တက်သော်ငြား အကောင်းဆုံးကြိုးစားပေးနေခြင်းဖြစ်သည်။"ဘာလို့ရယ်တာလဲ"
"ဦးကိုသဘောကျလို့"
"ဘာလို့အဲ့လောက်တောင် ရင့်ကျက်ရတာလဲ"
"ကိုယ်လား..."
"အင်း"
"ဒီလိုပါပဲ ဘဝကသင်ပေးလိုက်တာပေါ့"