"အလုပ်နောက်ကျတော့မှာပဲ"
Severus ကကလေးကိုနှုတ်ဆက်နေတာကြောင့် Harry က တွန်းလွှတ်ရတော့သည်။
အရင်ကဆိုလျှင်...အလုပ်သည်သာပထမနှင့် အလုပ်သည်သာ ဒုတိယ။
ယခုကျတော့ Harry နားမှာပဲကပ်နေချင်၏။"ကိုယ်စိတ်ချမယ်နော်"
Severus ၏ အကြည့်များဟာ အဓိပ္ပာယ်ပါနေတာမို့ Harry စပ်စပ်ထိမခံပြန်ပြောမိသည်။
"မချရအောင် ကျွန်တော်ကဘာလုပ်နေလို့လဲ"
ထိုသို့ဆိုသည့်အခါ Severus က ခပ်ဟဟရယ်၍ Harry နှာထိပ်ဖျားသို့ လက်ညှိုးဖြင့်ထိရုံ တို့သည်။
"မင်းလုပ်ထားတာ မင်းပဲသိမှာပေါ့
သရေစာတွေလျှောက်စားပြီး နေ့လယ်စာမစားရင် ကိုယ်လျှောက်လည်ခွင့်မပေးတော့ဘူး""မစားဘူး...မစားတော့ဘူး!"
Harry ကိုနောက်မှာချန်ထားခဲ့ပြီးနောက် ပြုံး၍သာ ကားပေါ်တက်ရင်း လက်ပြနှုတ်ဆက်လိုက်သည်။
ကားပေါ်ရောက်သည့်အခါ ပုံမှန်ဝတ်နေကျ လက်အိတ်ဖြူများကိုပြန်ဝတ်ရင်း နန်းတော်သို့ထွက်ခွာလာရသည်။အင်္ဂလန်နန်းတော်မှာ ခမ်းနားသလောက် သတိလည်းထားရသည်။
နန်းတွင်းဓလေ့နှင့် စည်းကမ်းများကို အသားကျနေသူ Severus အတွက်သိပ်အရေးမကြီးပေမဲ့ Harry သာလိုက်လာလို့ကတော့ ဘုရင်မကြီးမူးလဲသွားလောက်သည်။ဘုရင်မကြီးနှင့်တွေ့ဆုံရာ နန်းတော်အတွင်း အစည်းအဝေးခန်းမသို့ဝင်ရောက်သည့်အခါ အစောင့်များက အရိုအသေပေးကြသည်။
ထောင်ထောင်မောင်းမောင်းအရပ်နှင့်လိုက်ဖတ်စွာ တော်ဝင်ဝတ်စုံဝတ်ဆင်ထားသူ Severus မှာ လွန်စွာအရှိန်အဝါရှိလှသည်။အမြဲလိုလိုတင်းတင်းစေ့ထားသော နှုတ်ခမ်းပါး။ ရေအိုင်လိုတည်ကြည်နေသည့်မျက်ဝန်း နှင့် မြှားသဏ္ဍာန်ဖြောင့်စင်းနေသော နှာတံ ကြောင့် နန်းတွင်းက ရာထူးကြီးအမျိုးသမီးများကြား တီးတိုးစရာဇာတ်လမ်းတစ်ပုဒ်တည်ရှိလာသည်။
"Severus...ငါရဲ့အနေအေးတဲ့ညီလေး!"
"အိမ်ရှေ့စံ Elliot!"
"အိုး...အရိုအသေပေးရကောင်းမှန်တော့ သိသေးသားပဲ"
"...."