Chapter 3

2.3K 520 11
                                    

[Unicode]

ရုံးခန်းထဲမှ ထွက်သွားသည့်ဟိုင်ရှို့ကို ဖုန်းဖေလိုက်ကြည့်နေသည်။သူ့နားခမ်းထောင့်ရှိ အပြုံးမှာ ပိုပြီး နက်ရှိုင်းလာကာ ခပ်မြန်မြန်ပြောလိုက်သည်။

"ဒါဆို ကျွန်တော် အတန်းထဲပြန်သွားတော့မယ်နော်..."

သူသည် ထိုကလေးနောက်သို့ ပြေးလိုက်ချင်သည်။

အကြောင်းမှာ ထိုကောင်လေးသည် အရမ်းကို စိတ်ဝင်စားစရာကောင်းသည်ဟု သူရုတ်တရက်ခံစားမိလိုက်သည်ကြောင့်ဖြစ်သည်။

"နေဦး"

နီမေလင်း သူမလက်ထဲရှိ ဖောင်တိန်ကိုချလိုက်ကာ တည်တည်တန့်တန့်ဖြင့်ပြောသည်။

"ဆရာမ မင်းကိုပြောစရာရှိသေးတယ်"

ဖုန်းဖေ အမှုမဲ့အမှတ်မဲ့ ခေါင်းညိတ်လိုက်ကာ

"ဗျာ?"

နီမေလင်း : "ဟိုင်ရှို့ အကြောင်း"

ဖုန်းဖေသည် ပြန်လှည့်လာကာ နီမေလင်းကိုကြည့်လိုက်သည်။

"သူ ဘာဖြစ်လို့လဲ?"

နီမေလင်းသည် ပထမတော့ တုံ့ဆိုင်းနေကာ ထို့နောက်ပြောသည်။

"ပွင့်ပွင့်လင်းလင်းပြောရရင် သူဒီကိုပြေးလာတော့ ဆရာမအံ့သြသွားတာ ၊ ဖြစ်နိုင်တာက .... ဒါသူဆရာမကို ပထမဆုံးအကြိမ် စကားအကြာကြီးပြောတာပဲ ၊ ပထမဆုံးအကြိမ် သူ့ဘက်ကအရင်စကားစပြောဖို့ လာရှာတာပဲ"

နီမေလင်းသည် ဖုန်းဖေအား ဟိုင်ရှို့အကြောင်းပြောပြလိုက်သည်က အကြံဉာဏ်ကောင်းဖြစ်ပါ့မလားဆိုသည်ကို သူမကိုယ်တိုင်လည်းသေချာမသိပေ။သို့သော်လည်း စောနကဖြစ်ခဲ့သည့်ကိစ္စသည် သူမကို အမှန်တကယ်ပင် အံ့သြသင့်သွားစေသည်။ခဏလောက် တိတ်ဆိတ်သွားပြီးနောက် နီမေလင်း ဆက်ပြောသည်။

"ဆရာမအခုပြောမဲ့ အကြောင်းအရာကို မင်းလျှို့ဝှက်ထားပေးဖို့လိုတယ်..."

ဖုန်းဖေ နီမေလင်း၏ရုံးခန်းမှ ထွက်လာသောအခါ နောက်အတန်းစနေသည်မှာ မိနစ်နှစ်ဆယ်ပင်ရှိနေပြီဖြစ်သည်။သူဆရာ့ကို ခွင့်တောင်းကာ တံခါးခေါက်ပြီး ဝင်လိုက်ရမလားဟု မသေမချာဖြစ်နေချိန်တွင် ဆရာသည် သူ၏သင်လက်စစာကို အဆက်ပြတ်သွားမည်စိုးသည်ကြောင့် သူ့ကို ခေါင်းတစ်ချက်ညိတ်ပြကာ ဝင်ခွင့်ပြုသည်။ဖမ်းဖေ သူ့ခုံသူဝင်ထိုင်လိုက်ကာ ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်လိုက်သည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now