Chapter 36

920 235 16
                                    

<Unicode>
လွန်ခဲ့သော ရက်အနည်းငယ်ထဲက ဖုန်းဖေသူ့ကို အချိန်တိုင်း မမေ့မလျော့စာပို့ခဲ့သည်။တစ်ခါတစ်ရံ သူ၏ဆက်ဖီပုံများကို ပို့ကာ တစ်ခါတစ်လေ ရှုခင်းပုံများ သို့မဟုတ် သူဟိုင်ရှို့ကို လက်ဆောင်ပေးချင်သည့် သူတို့မြို့ထွက်လက်ဆောင်အချို့ကို ဓာတ်ပုံရိုက်ပြလိမ့်မည်။

ကျောင်း၌ စည်းကမ်းသတ်မှတ်ချက်များရှိသေးရာ ထိုစည်းကမ်းများထဲမှ တစ်ချက်မှာ ကျောင်းသို့ ဖုန်းယူခွင့်မပြုခြင်းဖြစ်ပြီး အဓိကမှာ တတိယနှစ်ကျောင်းသားကျောင်းသူများဖြစ်၏။တွေ့သည်နှင့် သူတို့၏ဖုန်းများကို သိမ်းမည်ဖြစ်သည်။ဟိုင်ရှို့ ဖုန်းကို အမြဲယူသွားလေ့ရှိသည်။သို့သော် ဖုန်းမှာ ဆက်သွယ်ရေးကိရိယာဖြစ်သည်ကြောင့် ထုတ်သုံးသည်က ရှားသည်။သူ ဖုန်းခိုးယူလာသည်ကို မိသွားမည်ကိုလည်းကြောက်မိသည်။ထို့ကြောင့် သူ့ဖုန်းကို mute လုပ်ထားခြင်းဖြစ်သည်။ ဒီရက်ပိုင်းအတွင်း ဖမ်းဖေမှာ သူ့ကို မက်ဆေ့မကြာခဏပို့သည်ကြောင့်  လွတ်သွားမည်ကို စိုးရိမ်ကာ သူ တိတ်တိတ်လေး vibrate ပြန်ပြောင်းလိုက်ပြန်သည်။သူဖုန်း တုန်ခါနေသည့်အချိန်တိုင်း သူ ဖုန်းဖေ သူ့အကြောင်းတွေးနေပါ့လားဆိုပြီးသိနိုင်သည်။

ဖုန်းဖေမှာလည်း အနှောင့်အယှက်ဖြစ်မည်စိုး၍ အတန်းနားချိန်မှသာလျှင် မက်ဆေ့ပို့သည်။

အကယ်၍ အတန်းနားချိန်၌ မက်ဆေ့ပို့ထားသည်ကို မတွေ့လျှင် ဟိုင်ရှို့သည် သူ့ဖုန်းကိုဖွင့်ပြီး အရင်ကမက်ဆေ့များကိုသာ တစ်ခေါက်ပြီးတစ်ခေါက်ပြန်ဖတ်လေ့ရှိကာ ဘယ်တော့မှ ငြီးငွေ့မသွားပေ။

သူတို့ ခွဲခွာခဲ့သည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်ရာ ဟိုင်ရှို့ အလုပ်အများဆုံးအရာမှာ သူနှင့်ဖုန်းဖေ ပို့ထားခဲ့သည့်စာများကို ပြန်ဖတ်ခြင်းဖြစ်သည်။ဖုန်းဖေဆီမှ ဆက်ဖီပုံများကို ကြည့်ရုံနှင့်ပင် သူ့နှလုံးခုန်သံကိုမြန်လာစေကာ ပို့ထားသောချစ်စကားများက သူ့အား ရှက်သွေးဖြာလာစေသည်။ဟိုင်ရှို့ တကယ့်ပင် သူ သေမတတ်ပျော်သည်ဟု ခံစားမိသည်။

အတန်းနားချိန်၌ ဖုန်းဖေမှာ သူဘေးနားတွင်မရှိသော်လည်း နေ့တိုင်း ထိုအချိန်မှာ ဟိုင်ရှို့အတွက် အပျော်ဆုံးအချိန်ဖြစ်ဆဲပင်။ဖုန်းဖေဆီမှ စာစောင့်ရင်း ဖုန်းဖေခုံပေါ်ရှိ စာရွက်များကို အမျိုးအစားခွဲပေးလေ့ရှိသည်။သူ အမြဲတမ်း ဖုန်းဖေအား အသံမက်ဆေ့ပို့ပေးရန်တောင်းဆိုတတ်ရှိသည်။အကြောင်းမှာ သူ ကြားချင်သောကြောင့်ဖြစ်၏။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now