Chapter 44

896 167 7
                                    

[Unicode]

ဟိုင်ရှို့ ဟိုင်ဟော်ဝေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေဦးမည်ကို စိုး၍ ညစာစားနေသည့်တစ်လျှောက် ဖုန်းဖေ သူ့အား တောက်လျှောက်စနောက်နေသည်။တုံ့ပြန်မှုအဖြစ် ဟိုင်ရှို့ တစ်ညလုံး သူ့မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်တည်နေခဲ့၏။ဟိုလိုလို သည်လိုလို မတော်မရော်စကားများကြောင့် သူ အကြိမ်အနည်းငယ်ပင် မျက်နှာနီးမြန်းခဲ့ရသေးသည်။

ထိုသို့ဖြင့် ဖုန်းဖေ သူ့၏စိုးရိမ်ပူပန်စိတ်များကို အနည်းငယ် လျှော့ချပေးခဲ့သည်။ညစာစားပြီးနောက် သူတို့နှစ်ယောက် ဧည့်ခန်း၌ ထိုင်၍ တီဗွီကြည့်ရင်း ညစာစားကြသည်။နာရီဝက်မျှကြာပြီးနောက် ဖုန်းဖေ တီဗွီကြည့်ရင်း စာရေးရန် ကြိုးပမ်းနေတော့သည်။ခေတ္တကြာသော် ဟိုင်ရှို့ ဖုန်းဖေကို လှမ်းမကြည့်ခင် စာမေးပွဲလေ့ကျင့်ခန်း မေးခွန်းတစ်စုံပြီးသွားပြီဖြစ်၏။

"မင်း သစ်သီးတစ်ခုခု.... စားချင်လား? ဒီနေ့ဝယ်လာတဲ့ ပန်းသီး ငါရေဆေးလိုက်ရမလား?"

ဟိုင်ရှို့က မေးလေသည်။

"ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်"

ငြင်းဆိုခြင်းမရှိဘဲ ဖုန်းဖေ တီဗွီ ဆက်ကြည့်နေသည်။

ဟိုင်ရှို့ သက်ပြင်း ခိုးချလိုက်ကာ သူ့အိမ်စာစာအုပ်များကို ဘေးသို့ချလိုက်သည်။ဂရုတစိုက် သူ ခုံမှ ထရင်း တီဗွီကို ဖြတ်လျှောက်သွားကာ အပေါ်ထပ်သို့ တက်သည့်လှေကားပေါ်သို့ ဖြည်းဖြည်းချင်းတက်နေလေသည်။

စောစောက ဖွင့်ထားသောတီဗွီမှ စီးပွားရေးကြော်ငြာတစ်ခုဝင်လာသဖြင့် ဖုန်းဖေ ဟိုင်ရှို့ကို ချောင်းကြည့်ရန် သူ့ခေါင်းကို နောက်သို့ လှည့်လိုက်သည်။သို့သော်လည်း သူ ဘာမှမပြောရသေးခင်၌ပင် ဟိုင်ရှို့ အမြန်ဖြတ်ပြီးပြောသည်။

"ငါ ငါ... အပေါ်အရင်တက်လိုက်ဦးမယ် ၊ ခဏနေမှ ပန်းသီးဆေးလိုက်မယ်နော်"

ဟိုင်ရှို့ လက်ထဲရှိ ဖန်ခွက်ကိုကြည့်၍ ဖုန်းဖေစကားပြောရန် သူ့ပါးစပ်ကို ဟလိုက်ပြန်သော်လည်း ဟိုင်ရှို့က နောက်တစ်ကြိမ်ဖြတ်ပြောပြန်သည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Where stories live. Discover now